ကိုဗစ်- ၁၉ရောဂါဖြစ်ပွားရာနေရာများသို့ သွားရောက်တာဝန်ထမ်းဆောင်မည့် ကျန်းမာရေးဝန်ထမ်းများ အား ဂုဏ်ပြုထောက်ပံ့ငွေပေးအပ်

ကျေးသီး စက်တင်ဘာ  ၂၈

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီး မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းအတွက် ကိုဗစ်-၁၉ ဖြစ်ပွားရာနေရာများသို့သွား ရောက်တာဝန်ထမ်းဆောင်မည့် ကျန်းမာရေးဝန်ထမ်းများအား ဂုဏ်ပြု ထောက်ပံ့ ငွေ ကို စက်တင်ဘာလ ၂၆ ရက် မွန်းလွဲ (၂)နာရီက မြို့နယ်ပြည်သူ့ဆေးရုံ၊အစည်းအဝေးခန်း၌ ပေးအပ်ခဲ့သည်။

ထို့သို့ ပေးအပ်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်း ကော်မတီမှ ထောက်ပံ့ငွေကျပ် (၂၀၀၀၀၀-/)နှင့် မြို့နယ်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ ဝန်ထမ်းမိသားစုတို့မှ စုပေါင်း‌‌ ‌‌ထောက်ပံ့‌ငေွများကို  မြို့နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမောင်မောင်မြတ်ဗိုလ်သူက အထက်တန်းသူနာပြုဒေါ်နန်းချိုနွံအားလည်းကောင်း၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးစည်သူထွန်းက သူနာပြုဆရာမ ဒေါ်နန်းဆီတာ ဆိုင်ဝမ်း တို့အားလည်းကောင်း အသီးသီး ဂုဏ်ပြု ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

 

သဲစုပိုင် (ပြန်/ဆက်)