နမ့်ဆန် စက်တင်ဘာ ၂၈
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် မြို့နယ်စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူများက COVID-19 ရောဂါသည် စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်၊ မှတဆင့် ကူးစက်ပြန့်ပွားမှုရှိလာသည်ကို တွေ့ရှိရပြီး ထိုသို့ ရောဂါကူးစက်မှုကို ကြိုတင်ကာကွယ်နိုင်ရန် နမ့်ဆန်မြို့နယ်အတွင်းရှိ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များကို ဆိုင်ထိုင်ရောင်းချခွင့် မပြုပဲ Take –Away စနစ်ဖြင့် သာရောင်းချရန်စက်တင်ဘာ ၂၆ ရက်နေ့ က ကွင်းဆင်း အသိပေးခြင်း ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် နမ့်ဆန်မြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ကြက်ခြေနီသူနာပြုအဖွဲ့ဝင်များတို့ လိုက်ပါ၍ နမ့်ဆန်မြို့ပေါ်ရှိ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များအားလုံးကို (၁၆.၉.၂၀၂၀) ရက်နေ့မှစ၍ ဆိုင်ထိုင်ရောင်းချ ခွင့်ကို ခေတ္တပိတ်ပင်၍ Take–Away စနစ်ဖြင့်သာ ရောင်းချကြရန်နှင့် လိုက်နာမှုမရှိပါက တည်ဆဲဉပဒေနှင့် အညီ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း အသိပေးအကြောင်းကြားစာများ၊ ဖြန့်ဝေပေးခြင်းကို ဆောင်ရွက်ခဲ့ကြသည်။ ထို့ပြင် မြို့နယ် COVID-19 ရောဂါထိန်းချုပ် ကာကွယ်ကုသရေးကော်တီ၏ လမ်းညွှန်မှုကိုခံယူ၍ မြို့နယ်ကြက်ခြေနီသူနာပြုတပ် ဖွဲ့ဝင်များတို့က လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ Hand Speaker ဖြင့် အသိပညာပေးဆော်ဩခြင်းကို ဆောင်ရွက်ခဲ့ကြသည်။
ကိုအောင်မိုး (ရွှေဖီမြေ)