ညောင်ရွှေ စက်တင်ဘာ ၂၈
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့ အထက (၁) ညောင်ရွှေ Facility Quarantine Centre နှင့် ညောင် ရွှေပြည်သူ့ဆေးရုံတို့၌ အသွားအလာကန့်သတ် စောင့်ကြည့်မှုခံယူနေသူ (၃၈)ဦးအား စက်တင်ဘာ (၂၆)ရက် နေ့လည်ပိုင်းက နေအိမ်(Home Quarantine) အဖြစ်နေထိုင်ကြရန် ပြန်လည်စေလွှတ်ခဲ့ကြောင်း သိရသည်။
(၂၅.၉.၂၀၂၀) ရက်နေ့ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (တောင်ကြီး)မှ ပေးပို့လာသော ဓာတ်ခွဲဆေးစစ်ချက်အဖြေအရ ညောင်ရွှေမြို့နယ် အထက (၁) ညောင်ရွှေ Facility Quarantine Centre နှင့် ညောင်ရွှေပြည်သူ့ဆေးရုံတို့၌ အသွားအလာကန့်သတ် စောင့်ကြည့်မှုခံယူနေသူ (၃၈)ဦး သည် ဓာတ်ခွဲအဖြေအရ COVID - 19 ရောဂါပိုး (Negative) ( မရှိ ) မရှိသောကြောင့် နေအိမ်(Home Quarantine)အဖြစ်နေထိုင်ကြရန် ပြန်လည်စေလွှတ်ပေးခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်ထွန်းက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာမှ ထုတ်ပြန်ထားသည့် အိမ်တွင်နေထိုင်စဉ်ကာလအတွင်း လိုက်နာဆောင်ရွက်မည့် အချက်များကို ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရှိရသည်။
စိုင်းအယ်ဘဲ