ညောင်ရွှေ စက်တင်ဘာ ၂၈
လတ်တလော ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအ တွက် ဖွင့်လှစ်ရောင်းချလျက်ရှိသော စားသောက်ဆိုင်များတွင် ဆိုင်ထိုင်စားသောက်ခြင်းမပြုဘဲ ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များ နှင့်အညီ ဖွင့်လှစ်ရောင်းချရန် ညွှန်ကြားထားမှုအပေါ် လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ ကွင်းဆင်းစစ် ဆေးခြင်းကို ညောင်ရွှေမြို့၌ စက်တင်ဘာ ၂၆ ရက် နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြကြောင်းသိရှိရ သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့ နယ်စည်ပင်သာယာရေးဋ္ဌာနမှ တာဝန်ရှိသူများနှင့် မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှ တာဝန်ရှိသူများပါဝင်သည့် ပူးပေါင်းအဖွဲက ညောင်ရွှေမြို့တွင်းရှိ စားသောက်ဆိုင်နှင့် လက် ဖက်ရည်ဆိုင်တို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး ဆောင်ရွက်ထားမှု ရှိ/မရှိ ကို ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
စိုင်းအယ်ဘဲ