မိုင်းဖြတ် စက်တင်ဘာ ၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးဌာနမှ ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်၊ သောင်သုံးရေရရှိရေးလုပ်ငန်းကို စျေးတန်းကွက်သစ်ရပ်ကွက်၌ သြဂုတ်လ ၂၁ရက်က အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယခုအခါ အဆိုပါလုပ်ငန်းများသည် ကိုးဆယ်ရာခိုင်နှုန်း ဆောင်ရွက်ပြီး စီးပြီဖြစ်သည့်အတွက် မကြာခင် သောက်သုံးရေးများကို ဖြန့်ဝေပေး တော့မည်ဖြစ်ကြောင်း စက်တင်ဘာလ ၂၆ ရက်က မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးစိုင်းအေးမင်းထံက သိရသည်။
တိုးချဲ့ရေပေးဝေရေးလုပ်ငန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ ရှမ်းပြည်နယ်အထေွထွေပိုလျှံငွေ (GRF)ဖြင့် တင်ဒါအောင်မြင်ခဲ့သော တော်ဝင်မိုင်းဖြတ်နဂါးဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူဆောင်ရွက် ပြီး အလျား ၃၆ ပေ၊ အနံ ၂၅ ပေ၊ အမြင့် ၈ ပေ ၆ လက်မ အတိုင်းအတာရှိ ဂါလံ ၄၅၀၀၀ ဆံ့ ရေစုကန် တည်ဆောက်ခြင်း အတွက် ခွင့်ပြုရန်ပုံငွေ ၂၃.၄၁ကျပ်သန်း၊ ပိုက်နှင့်ပိုက်ဆက်ပစ္စည်း ဝယ်ယူခြင်း (၃၉၀၀၀ပေ)အတွက် ခွင့်ပြုရန်ပုံငွေ ၈၈.၀၀ကျပ်သန်း၊ နမ့်ဆန်ကျေးရွာမှ စျေးတန်းကွက်သစ်ရပ်ကွက်သို့ ရေပိုက်သွယ်တန်းခြင်း လုပ်ငန်းအတွက် ခွင့်ပြုရန်ပုံငွေ ၇၁.၁ကျပ်သန်းဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ တိုးချဲ့ရေပေးဝေရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးသွားပါက မိုင်းဖြတ်မြို့နယ်စည်ပင်သာ ယာရေးနယ်နမိတ်အတွင်းမှာရှိတဲ့ အိမ်ခြေ ၅၀၀ခန့်တို့ကို ဖြန့်ဝေပေးသွာမှာဖြစ်ပြီး သောက်သုံးရေးများ အလေအလွင့်မဖြစ်စေဖို့အတွက် ရေမီတာစနစ်နဲ့ ဖြန့်ဝေပေး သွားမည်ဖြစ်ပါတယ်ဟု မြို့နယ်စည်ပင် သာယာရေးဌာနက အမှုဆောင်အရာရှိ ဦးစိုင်းအေးမင်းထံကသိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)