ရေဖြူမြို့နယ်တွင် Cash for work စီမံကိန်း ကျေးရွာ (၁၁) ရွာရှိ လုပ်ငန်း (၁၂) ခု ရာနှုန်းပြည့်ပြီးစီး

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှုအစီအစဉ်အရ Cash for work စီမံကိန်း ထောက်ပံ့ရန်ပုံငွေဖြင့် ကျေးရွာလူထုကိုယ်တိုင် လုပ်သားအဖြစ်ဆောင်ရွက်ကာ လုပ်အားငွေပေးချေသည့်စနစ်ဖြင့် လုပ်ကိုင်လျက်ရှိရာ ယခုအခါတွင် လုပ်ငန်းများရာနှုန်းပြည့်စီးပြီး ဖြစ်ကြောင်း သိရသည်။

မိုင်းတုံမြို့၌ MASK တပ်ဆင်သွားလာခြင်း မရှိသူများအား အသိပညာပေးခြင်းနှင့် MASK များ အခမဲ့ ဖြန့်ဝေခြင်းဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ် စည်ပင်သာယာရေးဌာနမှ Mask တပ်ဆင် သွားလာခြင်း မရှိသူများအား အသိပညာပေးခြင်းနှင့် Mask များ အခမဲ့ ဖြန့်ဝေ ပေးခြင်းကို ယမန်နေ့ နံနက် ၆ နာရီခွဲက မြို့မဈေးနှင့်ပန်းခြံလမ်းဆုံတို့တွင် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

မေတ္တာမြို့၌ ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် လမ်းသွားနေကြသူများအား နှာခေါင်းစည်း (Mask) တပ်ဆင်ရေး အသိပညာပေးလှုပ်ရှားမှုဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့် မေတ္တာပန်းခင်းပရဟိတလူငယ်အဖွဲ့တို့ပူးပေါင်း၍မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာများသို့ ကိုဗစ် −၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့်ရောဂါကူးစက်ပြန့်ပွါးမှုမရှိစေရန် လမ်းထွက်သွားလာနေကြသူများအား နှာခေါင်းစည်း (Mask) တပ်ဆင်ရေးအသိပညာပေး လှုပ်ရှားမှုတစ်ရပ်ကို ယမန်နေ့ နံနက် ၉ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒဂုံမြို့နယ် ဒဂုံရိပ်သာဈေး၌  ကိုဗစ်-၁၉ရောဂါကာကွယ်ရေး ဈေးရောင်းချမှု အခြေအနေ ကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့နယ်၊  ဦးဝိစာရရပ်ကွက်ဒဂုံရိပ်သာဈေး၌ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ခြင်းအနေဖြင့် ဈေးအတွင်း ဈေးရောင်း၊ဈေးဝယ်ပြည်သူများကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန၏

ကိုဗစ်-၁၉ ကာလအရေးပေါ် တုံ့ပြန်ဆောင်ရွက်ရေးအတွက် အခြေခံလူတန်းစားများနှင့် မသန်စွမ်းသူများအား ငွေကြေးများ ထောက်ပံ့ပေးအပ်

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် ကိုဗစ်- ၁၉ ကာလအတွင်း အရေးပေါ် တုံ့ပြန်ဆောင်ရွက်ရေး အတွက် လူမှုဝန်ထမ်း ဦးစီးဌာနက လူမှုကာကွယ်စောင့်ရှောက်ရေး အစီအစဉ်ဖြင့် မသန်စွမ်းသူများနှင့် ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစား များအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန် ထုတ်ပြန်ထားသည့် စည်းကမ်းကို ချိုးဖေါက်သည့်ဆိုင် ၂ ဆိုင်အား အရေးယူ

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေး ပေါ် တုန့်ပြန်ရေးကော်မတီနှင့် စည်ပင်သာယာရေးကော်မတီမှတာဝန်ရှိသူ တို့သည် ယမန် နေ့ နံနက်ပိုင်းက ကျောက်မဲမြို့ပေါ်ရှိ စားသောက်ဆိုင်များအနေဖြင့် ပါဆယ် စနစ်ဖြင့်သာ ရောင်းချရမည်ဆိုသည့် သတ်မှတ် စည်မျဉ်းစည်းကမ်းများအတိုင်း ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်း စစ်ဆေးခဲ့ရာ လိုက်နာမှု မရှိသည့် ဆိုင် ၂ ဆိုင်အား ၇ ရက် ယာယီ ပိတ်သိမ်း စေခြင်းဖြင့် အရေးယူခဲ့ကြောင်းသိရသည်။

ဘားအံမြို့တွင် (၅၆) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုသောအားဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံမြို့နယ်ရဲတပ်ဖွဲ့မှ ဘားအံမြို့ရှိ ကရင်ပရိယတ္ထိစာသင်တိုက် ကျောင်းဝန်းအတွင်းတွင် စက်တင်ဘာလ(၂၆)ရက်နေ့၊ နံနက်(၇)နာရီ အချိန်မှစတင်ကာ စုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒေါ့ဖုန်းယန်မြို့ ဈေးနှင့်လမ်းသွားလမ်းလာ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အတွက် နှာခေါင်းစည်း Mask အခမဲ့ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေး ဆိုင်းဘုတ် စိုက်ထူ

ကချင်ပြည်နယ် ဗန်းမော်ခရိုင် ဒေါ့ဖုန်းယန်မြို့ ဈေးနှင့် လမ်းသွား လမ်းလာပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် နှာခေါင်းစည်း Mask အခမဲ့ဖြန့်ဝေခြင်း နှင့်အသိပညာပေး ဆိုင်းဘုတ်စိုက်ထူဆောင်ရွက်ခြင်းကို စက်တင်ဘာ ၂၆ ရက် နံနက် ၇ နာရီက ဒေါ့ဖုန်းယန်မြို့ ဈေးအဝင်ပေါက်နှင့် ဈေးအရှေ့တွင် ဆောင်ရွက်ခဲ့သည်။

တနိုင်းမြို့နယ်တွင် မိုးများအဆက်မပြတ် ရွာသွန်းမှုကြောင့် ရပ်ကွက်အချို့၌ နေအိမ်များအတွင်း ရေများဝင်ရောက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် စက်တင်ဘာလ (၂၁) ရက်နေ့မှစတင်၍ မိုးများ အဆက်မပြတ် ရွာသွန်းခဲ့မှုကြောင့် စက်တင်ဘာလ (၂၅) ရက်နေ့ နံနက်ပိုင်းမှစ၍ နေရာတချို့၌ လမ်းသား ပျက်စီးမှုများ၊ လမ်းမကြီးရေကျော်မှု ဖြစ်ပွားလျက်ရှိသည်။

မိုင်းယန်းမြို့နယ် ဝမ်တောင်းကျေးရွာ၌ မြစိမ်းရောင်အတိုးရငွေဖြင့် ဘက်စုံသုံးခန်းမ ဆောက်လုပ်နေမှု အား ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်တွင်မြို့ နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော မြစိမ်းရောင်စီမံကိန်းကျေးရွာများအနက် ဝမ်တောင်းကျေးရွာတွင် မြစိမ်းရောင်အတိုးရငွေဖြင့် ကျေးရွာဘက်စုံသုံးခန်းမဆောင် ဆောက် လုပ်နေမှု အား တာဝန်ရှိသူများက ယမန်‌နေ့ နံနက်ပိုင်းကကွင်းဆင်းစစ် ဆေးခဲ့ကြကြောင်းသိရသည်။
Subscribe to