မိုင်းရှူး စက်တင်ဘာ ၂၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊မိုင်းရှူးမြို့နယ် စည်ပင်သာယာရေးဌာနအနေဖြင့် မိမိမြို့နယ်အတွင်းကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုမရှိစေရေးနှင့် အချိန်မီထိန်းသိမ်းနိုင်ရေးအတွက် စက်တင်ဘာ ၂၆ ရက်နေ့က အမိန့်ကြော်ငြာ စာအမှတ် (၁၇/၂၀၂၀)ထုတ်ပြန်ခဲ့ကြောင်းသိရသည်။
ယင်းသို့ အမိန့်ထုတ်ပြန်ကြော်ငြာရာတွင် စည်ပင်သာယာ ရေးနယ်နိမိတ်အတွင်းရှိ ခေါက်ဆွဲဆိုင်၊ စားသောက် ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များ၌ ဆိုင်ထိုင်စား သောက်ခြင်းကိုခွင့်မပြုဘဲ ပါဆယ်စနစ်(Take- away)ဖြင့်သာ ရောင်းချသွားရန်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်တားဆီးရေး ဆိုင်ရာညွှန်ကြားချက်နှင့်အညီ တိက်စြာ လိုက်နာ ဆောင်ရွက် ကြရန်၊ အကယ်၍ လိုက်နာဆောင်ရွက်ခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိရပါက ရှမ်းပြည်နယ်စည်ပင် သာယာရေး ဥပဒေအရလည်းကောင်း၊ ကူးစက်ရောဂါကာကွယ်နှိမ်နှင်းရေး ဥပေဒအရလည်း ကောင်း၊စည်းကမ်းများ(By Laws) အရလည်းကောင်း အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
ယခုအခါ မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှု ပြန့်နှံ့လျက်ရှိရာ ပြည်တွင်း ကူးစက်မှုဟု သုံးသပ်ရသည့် ကိုဗစ်-၁၉ ရောဂါဆင့်ပွားကူးစက်ခံရသူများထဲတွင် လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်များ၌ ဆိုင်ထိုင် စားသောက်ခြင်းမှကူးစက်ခံရသူ အရေအတွက် များစွာ ပါဝင်လာကြောင်းသိရှိရသည်။
မြို့နယ်(ပြန်/ဆက်)