ကာလိ စက်တင်ဘာ ၂၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့ ဌာနဆိုင်ရာဝန်ထမ်းများက ပူးပေါင်းပြီး ယမန်နေ့နံနက်(၈)နာရီအချိန်ခန့်က ကာလိမြို့မဈေးအနီး ပြည်ထောင်စုလမ်းမကြီးတွင် နှာခေါင်းစည်း (Mask) အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါဆောင်ရွက်ခြင်းတွင် ကာလိမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးရဲမင်းထွန်းနှင့်ဝန်ထမ်းများ၊ စည်ပင်သာယာရေးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခင်ဇော်ဦးနှင့်ဝန်ထမ်းများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးစိုင်းငွေလေး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်နန်းမျိုးဆောင်းကျော်နှင့် ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များက ပူးပေါင်းကာ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန မှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ကာလိမြို့အတွင်းဈေးသို့ လာရောက်ဝယ်ယူကြသည့် ပြည်သူများနှင့် မြို့အတွင်း ဝင်/ထွက်သွားလာနေကြသော ဒေသခံပြည်သူများမှ နှာခေါင်းစည်း(Mask)တပ်ဆင်ခြင်း မရှိသည့်ပြည်သူများအား နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေပေးပြီချက်ချင်းတပ်ဆင်စေ၍ မလိုအပ်ပါ က အပြင်မထွက်ကြရန်နှင့် အပြင်ထွက်တိုင်းနှာခေါင်းစည်း တပ်ဆင်ပေးကြပါရန် မှာကြားပေးပြီး ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များကို လည်း ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
ဝင်းကျော်(ကာလိ၊ပြန်/ဆက်)