လှိုင်းဘွဲမြို့နယ် ပိန္နဲတောကျေးရွာတွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ အသက် (၈၀)နှင့် (၈၅)နှစ် သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေများပေးအပ်

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ အသက်(၈၀)နှင့်(၈၅)နှစ်အတွင်း သက်ကြီးဘိုးဘွား များအား ထောက်ပံ့ငွေများ ပေးအပ်လျက်ရှိရာ ယမန်နေ့က ပိန္နဲတောကျေးရွာ၌ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

အိမ်မဲမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သော ကျောင်းသား/ သူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမတွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သော ကျောင်းသား/ သူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ်အရ အသက် (၈၀) နှင့် (၈၅) နှစ် သက်ကြီးဘိုးဘွား (၈၀၈) ဦးအား ထောက်ပံ့ငွေများပေးအပ်

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ အသက်(၈၀)နှင့် (၈၅)နှစ်အတွင်း သက်ကြီးဘိုးဘွား များအား ထောက်ပံ့ငွေများ ပေးအပ်လျက်ရှိရာ ယမန်နေ့က လှိုင်းဘွဲမြို့ပေါ်ရပ်ကွက်များ၌ ထောက်ပံ့ငွေများ ပေးအပ် ခဲ့ကြောင်း သိရသည်။

လောင်းလုံးမြို့နယ်၊ ပန်းတင်အင်းကျေးရွာရှိ ဓမ္မာရုံ၌ ပထမအကြိမ်မဲပေးမည့်လူငယ်များအား ပြည်သူ့နီတိ နှင့် ဆန္ဒမဲပေးပုံအသိပညာပေး

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ ပန်းတင်အင်းကျေးရွာရှိဓမ္မာရုံ၌ ယမန်နေ့ မွန်းလွဲပိုင်းတွင် ကျေးရွာရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ကလျာဏမိတ္တပရဟိတဖောင်ဒေးရှင်းတို့ပူးပေါင်း၍ ပထမအကြိမ် မဲပေးမည့်လူငယ်များအား ပြည်သူ့နီတိနှင့် ဆန္ဒမဲပေးပုံ အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ အသက် (၈၀) နှင့် (၈၅) နှစ် သက်ကြီးဘိုးဘွား (၈၀၈) ဦးအား ထောက်ပံ့ငွေများပေးအပ်

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ အသက် (၈၀) နှင့် (၈၅) နှစ်အတွင်း သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေများပေးအပ်လျက်ရှိရာ ယမန်နေ့က လှိုင်းဘွဲမြို့ပေါ်ရပ်ကွက်များ၌ ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး ရန်ကုန်တောင်ပိုင်းခရိုင်အတွင်း ကြပ်မတ်ဆောင်ရွက် 

ရန်ကုန်တောင်ပိုင်းခရိုင်အတွင်း ခရိုင်ရုံးစိုက်ရာ သန်လျင်မြို့ အပါအဝင် ခရိုင်အတွင်းရှိ မြို့နယ်အသီးသီး၌ ကိုဗစ်-၁၉ရောဂါ အတည်ပြုပိုးတွေ့လူနာများရှိနေခြင်း၊ သေဆုံးမှုများရှိနေခြင်း ကြောင့် ရန်ကုန်တောင်ပိုင်းခရိုင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီက အရှိန်မြှင့်ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိသည်။

နောင်ချိုမြို့၌ (၅၆) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများဆောင်ရွက်

၂၀၂၀ပြည့်နှစ် အောက်တိုဘာလ (၁)ရက်နေ့တွင် ကျရောက်မည့် ၅၆ နှစ်မြောက် မြန်မာ နိုင်ငံရဲတပ်ဖွဲ့နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် နောင်ချိုမြို့နယ် မြို့နယ် ရဲတပ်ဖွဲ့မှူး ဦးဆောင် ၍ ယနေ့နံနက်ပိုင်းက ပြည်သူ့အကျိုးပြုလုပ်ငန်းကို ပြည်သူ့​ဆေးရုံဝန်းအတွင်း ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ကာမိုင်းမြို့အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်‌ထောင်စု (၁၇၁၂) စုအတွက်နိုင်ငံတော်မှ တတိယ အကြိမ်မြောက် တစ်အိမ်ထောင်စုလျှင် ငွေကျပ်နှစ်သောင်းစီ ထောက်ပံ့‌ငွေပေးအပ်

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့ဒေသအတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်း စားများ ဖြစ်သည့် အိမ်ထောင်စု (၁၇၁၂) စုတို့အတွက် နိုင်ငံတော်မှ တတိယအကြိမ်မြောက်အနေဖြင့် တစ်အိမ်ထောင်စုလျှင် ငွေကျပ်နှစ်သောင်းစီကို စက်တင်ဘာ (၂၆) ရက် နံနက်(၉)နာရီက အိမ်‌တိုင်ရာရောက် ထောက်ပံ့‌ပေးအပ်ခဲ့ကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ် မဲဆမိတ်ကျေးရွာတွင် ကိုဗစ် − ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး လုပ်ငန်းများ အရှိန်မြှင့်တင်ဆောင်ရွက်

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် မဲဆမိတ်ကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ် ထိန်းချုပ်ရန်နိုင်အတွက် ရွာအဝင်တွင် စစ်ဆေးရေးဂိတ် ဖွင့်လှစ်၍ စစ်ဆေးခြင်း လုပ်ငန်းများ အရှိန်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မအူပင်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လူမှုစီးပွားဘဝ တိုးတက်ရေးအတွက် ဆောင်ရွက်မှု လုပ်ငန်းများနှင့် စီမံကိန်းလုပ်ငန်းများ ၁၀၀ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကွပ်ကဲမှု အောက်ရှိ မအူပင် ညောင်တုန်း၊ ဓနုဖြူနှင့် ပန်းတနော်မြို့နယ်ရှိ ကျေးရွာများတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုစီးပွားဘဝ တိုးတက်ရေးအတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် လျာထားလုပ်ငန်းများနှင့် စီမံကိန်းလုပ်ငန်းများ ၁၀၀ ရာနှုန်းပြည့် ဆောင်ရွက်ပြီးဖြစ်ကြောင်း ယမန်နေ့ နံနက် ၁၁ နာရီက သိရသည်။
Subscribe to