လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ်အရ အသက် (၈၀) နှင့် (၈၅) နှစ် သက်ကြီးဘိုးဘွား (၈၀၈) ဦးအား ထောက်ပံ့ငွေများပေးအပ်

လှိုင်းဘွဲ စက်တင်ဘာ ၂၈

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ အသက်(၈၀)နှင့် (၈၅)နှစ်အတွင်း သက်ကြီးဘိုးဘွား များအား ထောက်ပံ့ငွေများ ပေးအပ်လျက်ရှိရာ ယမန်နေ့က လှိုင်းဘွဲမြို့ပေါ်ရပ်ကွက်များ၌ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ငွေများ ပေးအပ်ရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်း၊ ဒုတိယဦးစီးမှူး ဦးကျော်ကျော်လွင်၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယဦးစီးမှူး ဦးစိုင်းရန်နောင်နှင့် တာဝန်ရှိသူများက  ကိုဗစ်-၁၉ ကာလအတွင်း စီးပွားရေး ကုစားမှု အစီအစဉ်အရ မိသားစု စားဝတ်နေရေး အဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ လှိုင်းဘွဲ မြို့ပေါ်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၃၆)စုအတွင်းရှိ အသက်(၈၀)နှင့်(၈၅)နှစ်အတွင်း အဘိုး (၃၄၈)ဦးနှင့် အဘွား(၄၆၀)ဦး သက်ကြီးဘိုးဘွားများအား တစ်ဦးလျှင် (၃၀၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေ (၂၄၂၄၀၀၀၀)ကျပ်အား ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)