မြစ်ကြီးနားမြို့ မြို့ပေါ်ရပ်ကွက်အချို့ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် နေအိမ်အချို့ ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေရာချထား
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် စက်တင်ဘာ (၂၇) ရက်နေ့ နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက် လူနေအိမ်အချို့ ရေဘေးလွတ်ရာသို ပြောင်းရွှေ့ရာ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်နယ်ကြက် ခြေနီတပ်ဖွဲ့မှူး ဦးချစ်ဖေနှင့် တပ်ဖွဲ့ဝင် (၂၀)တို့သည် ကူညီဆောင်ရွက် ပေးခဲ့ကြသည်။