နောင်ချို စက်တင်ဘာ ၂၈
၂၀၂၀ပြည့်နှစ် အောက်တိုဘာလ (၁)ရက်နေ့တွင် ကျရောက်မည့် ၅၆ နှစ်မြောက် မြန်မာ နိုင်ငံရဲတပ်ဖွဲ့နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် နောင်ချိုမြို့နယ် မြို့နယ် ရဲတပ်ဖွဲ့မှူး ဦးဆောင် ၍ ယနေ့နံနက်ပိုင်းက ပြည်သူ့အကျိုးပြုလုပ်ငန်းကို ပြည်သူ့ဆေးရုံဝန်းအတွင်း ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရာတွင် နောင်ချိုမြို့ ပြည်သူ့ဆေးရုံဝန်း အတွင်း နှင့်ပတ်ဝန်းကျင်းတို့၌ ပေါင်းမြက်များရှင်းလင်းခြင်း၊ ချုံနွယ်များခုတ်ထွင်ခြင်း ၊ ခြင်များ ခိုအောင်းမှု မရှိစေရေးအတွက် ရေဝပ်သည့်နေရာများအား မြေဖို့ခြင်းစသည့် သန့်ရှင်းရေး လုပ်ငန်း များကို မြို့နယ်ရဲတပ်ဖွဲ့ မှူး ရဲမှူးရဲဝင်းထက် ဦးဆောင်၍ အမှတ်(၁၂၄) ယာဉ်ထိန်း ရဲတပ်ဖွဲ့စု(ကျောက်မဲ)၊ တပ်ဖွဲ့စိတ်(နောင်ချို) တို့ပါဝင်သောတပ်ဖွဲ့ဝင် အင်အား ၄၃ ဦးဖြင့် စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
နောင်ချိုမြို့နယ်ရဲတပ်ဖွဲ့အနေဖြင့် နှစ်စဉ် ရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုသော အားဖြင့် စုပေါင်း သန့်ရှင်းရေး လုပ်ငန်းများ၊ ပြည်သူ့အကျိုးပြု လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရ သည်။
ထွေးငယ်(ပြန်/ဆက်)