ကျိုက်လတ်၌ သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး
ဧရာဝတီတိုင်းဒေသကြီး ၊ ဖျာပုံခရိုင် ၊ ကျိုက်လတ်မြို့နယ် ၊ အမှတ်(၆)ရပ်ကွက် အ.မ.က (၁၀)(မူလွန်)တွင် စက်တင်ဘာလ ၂၆ ရက်နေ့ နံနက်(၈) နာရီမှ စ၍ ကျိုက်လတ်မြို့တစ်ဖက်ကမ်း အမှတ်(၆)ရပ်ကွက် အတွင်းရှိ ပြည်သူများ နိုင်ငံသားစိစစ်ရေးကတ်ပြားများကို သစ္စာစီမံချက်ဖြင့် ကွင်းဆင်း ဆောင်ရွက်ပေးခဲ့သည်။