မအူပင်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လူမှုစီးပွားဘဝ တိုးတက်ရေးအတွက် ဆောင်ရွက်မှု လုပ်ငန်းများနှင့် စီမံကိန်းလုပ်ငန်းများ ၁၀၀ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး

မအူပင်  စက်တင်ဘာ  ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကွပ်ကဲမှု အောက်ရှိ မအူပင် ညောင်တုန်း၊ ဓနုဖြူနှင့် ပန်းတနော်မြို့နယ်ရှိ ကျေးရွာများတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုစီးပွားဘဝ တိုးတက်ရေးအတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် လျာထားလုပ်ငန်းများနှင့် စီမံကိန်းလုပ်ငန်းများ ၁၀၀ ရာနှုန်းပြည့် ဆောင်ရွက်ပြီးဖြစ်ကြောင်း ယမန်နေ့ နံနက် ၁၁ နာရီက သိရသည်။

အဆိုပါ မအူပင်ခရိုင် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ မအူပင်၊​ညောင်တုန်း၊ ဓနုဖြူ ပန်းတနော် မြို့နယ် အတွင်းရှိ ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေ ရရှိရေးအတွက် ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေဖြင့် တွင်းနက် (၂၂) တွင်း၊ ရေသန့်စင် စနစ် (၃) ခု၊ အခြားလုပ်ငန်းဖြစ်သည့် (မြေသား​ရေကန် အနက်နှိုက်ခြင်း၊ ရေကန်ခြံစည်းရိုး ကာရံခြင်း၊ ရေစက်ရုံနှင့် အုတ်ရေလှောင်ကန်ပြုပြင်ခြင်း) (၁၁)ခု၊ ထုတ်ကုန်ထွက်ကုန်များ ကုန်ကျစရိတ် အနည်းဆုံးဖြင့် ကုန်ထုတ်လမ်း (မြေသားလမ်းခင်းခြင်း၊ မြေရောကျောက်စရစ်ခင်းခြင်း) (၂) လမ်း၊ Box Culvert (၄) စင်းဖောက်လုပ်ပေးခြင်း၊ မြစိမ်းရောင်ကျေးရွာ စီမံကိန်းအား ကျေးရွာ (၇) ရွာတွင် အရင်းမပျောက် မတည်လည်ပတ်ရန်ပုံငွေ ထုတ်ချေးပေးခြင်း၊ ကိုယ်တိုင်ကျေးရွာ ဖွံ့ဖြိုးရေး အစီအစဉ် ရေးဆွဲခြင်း (VDP) ကျေးရွာ (၅၀) ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ ကိုဗစ် - ၁၉ ရောဂါ အကျိုးဆက် သက်ရောက်ခြင်းခံရသည့် ကျေးလက် ဒေသနေ ပြည်သူများ ဝင်ငွေရရှိစေရန်နှင့် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးစေရန် အတွက် Cash For Work စီမံကိန်းကျေးရွာ (၂၃) ရွာ၊ ကျေးလက်နေ လုပ်ကွက်ငယ်တောင်သူများ၊ ထုတ်လုပ်ရောင်းချနေသူများအား သွင်းအားစုနှင့် အရင်းအနှီးများ ရရှိစေရန်အတွက် ကျေးရွာ မတည်ရန်ပုံငွေ (Village Revolving Fund Project - VRFP) အား (၁၂) ရွာအား ၁၀၀ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးကြောင်း သိရသည်။

မအူပင်ခရိုင် (၄) မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးနှင့် လူမှုစီးပွားဘဝ တိုးတက်ရေးအတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာအုပ်စု (၂၃၅) အုပ်စု ကျေးရွာပေါင်း (၁၆၄၈) ရွာတွင် လျာထားလုပ်ငန်းများနှင့် စီမံကိန်းလုပ်ငန်းများ ၁၀၀ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးကြောင်း ခရိုင်ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စိုးစိုးမြင့်ထံမှ သိရသည်။


ခရိုင် ပြန်/ဆက် (မအူပင်)