သရက်မြို့၌ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့်ဆောင်ရွက်မည့် ကွန်ကရစ်လမ်း နေရာတိုင်းတာနေမှု လုပ်ငန်းများအား မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့စစ်ဆေး

မကွေးတိုင်းဒေသကြီး၊ သရက်မြို့တောင်မင်းတည်းရပ်ကွက်၌ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ကွန်ကရစ်လမ်းပိုင်းနေရာ တိုင်းတာနေမှုလုပ်ငန်းအား ယမန်နေ့ နံနက်(၁၀) နာရီ က မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးကျော်ကျော်၊ စည်ပင်အမှုဆောင်အရာရှိ ဦးမျိုးဝင်းနှင့် ရပ်ကွပ် အုပ်ချုပ်ရေးမှူးတို့ပါဝင်သောအဖွဲ့က ကွင်းဆင်းစစ်ဆေးခဲ့သည်။

သနပ်ပင်မြို့နယ်၌ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးအတွက်   နှာခေါင်းစည်း(Mask) အခမဲ့ဖြန့်ဝေ

ပဲခူးတိုင်းဒေသကြီး ၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး  အတွက်  ပဲခူးခရိုင်ကြက်ခြေနီ တပ်ဖွဲ့၊ မြို့နယ်ကြက်​ခြေနီအဖွဲ့များနှင့်မြို့နယ်ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ရေးကော်မတီတို့ ပူးပေါင်း၍  စက်တင်ဘာ ၂၇ ရက်နေ့  နံနက် ၈ နာအချိန်၌ မြို့အဝင်၊ အထွက်ဂိတ်များ၌ အပြင်ထွက်တိုင်း နှာခေါင်းစည်း (Mask) တပ်ဆင်လာခြင်းမရှိသူများအား အခမဲ့ဖြန့်ဝေပေးနေကြောင်းသိရှိရသည်။

မိုးနဲမြို့နယ်ပြည်သူ့ဆေးရုံသို့ ကိုဗစ်-၁၉ ရောဂါကုသရေးဆိုင်ရာ စက်ပစ္စည်းများ ဝယ်ယူ နိုင်ရန် အလှူငွေပေးအပ်လှူဒါန်း

ရှမ်းပြည်နယ်(တောင်ပိုင်း)လင်းခေးခရိုင် မိုးနဲမြို့နယ် ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရေဂါကြိုတင် ကာကွယ် ထိန်းချုပ်ကုသ‌ရေးအတွက် ဆေးရုံသုံးပစ္စည်းများကို အလှူရှင် များက ပေးအပ်လှူဒါန်း လျက်ရှိရာ ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်က ကိုဗစ်-၁၉ ရောဂါ ကုသရေးအတွက် လိုအပ်သော စက်ပစ္စည်းများဝယ်ယူရန် အလှူငွေလာရောက် လှူဒါန်း ပေးခဲ့ကြောင်းသိရသည်။

မိုင်းပန်မြို့နယ်၊ နောင်ဟီးကျေးရွာ၌ ကိုဗစ်-၁၉ ရောဂါ အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့ နယ်တွင် ယမန်နေ့ နံနက်(၇) နာရီ အချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဌာနမှ ရပ်ကျေးစာရေးဝန်ထမ်းများ နှင့် မိုင်းပန် မြို့နယ် စေတနာ့ဝန်ထမ်းများအသင်းတို့ ပူးပေါင်း ၍ နောင်ဟီးကျေးရွာသို့သွားရောက်ကာ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိ ပညာ ပေးခြင်း၊ နှာခေါင်းစည်းများ ပေးဝေခြင်းတို့အား စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လှိုင်းဘွဲမြို့ အဝင်အထွက်ဂိတ်တွင် ကိုဗစ် − ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး စစ်ဆေးရေး လုပ်ငန်းများ အရှိန်မြှင့်တင်ဆောင်ရွက်

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီဝင်များနှင့် လူမှုအဖွဲ့အစည်းများက ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်ရေးနိုင်ရေးအတွက် ကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေး ခြင်းကို လှိုင်းဘွဲမြို့အဝင်အထွက် ဂိတ်တွင် နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မင်းဘူး(စကု)မြို့နယ်မှ တောင်သူများ မြေပဲစိုက်ခင်းများကို စတင်သိမ်းဆည်း

မကွေတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်မှ တောင်သူများ မိုးသီးနှံအဖြစ် စိုက်ပျိုးထားသော မြေပဲသီးနှံများ နုတ်သိမ်းချိန်တန်ပြီဖြစ်၍ စက်တင်ဘာလမှ စတင်ကာ စတင်သိမ်းဆည်းနေပြီ ဖြစ်ကြောင်း မင်းဘူး(စကု)မြို့နယ် လက်ပံတောကျေးရွာ တောင်သူများထံမှ သိရသည်။

တနိုင်းမြို့နယ်အတွင်းရှိ လမ်းရေကျော်မှုများထပ်မံဖြစ်ပွား၍ ယာဉ်လမ်းကြောင်းများ ယာယီပြတ်တောက်ခဲ့

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် စက်တင်ဘာလ(၂၁)ရက်နေ့မှစတင်၍ မိုးများ အဆက်မပြတ်ရွာသွန်းခဲ့မှုကြောင့် စက်တင်ဘာလ(၂၅)ရက်နေ့နံနက်ပိုင်းမှစ၍ လမ်းပန်း ဆက်သွယ်ရေး နေရာတစ်ချို့၌ လမ်းသားပျက်စီးမှုများ၊ လမ်းမကြီးရေကျော်မှုဖြစ်ပွားခဲ့သည်။

မြစ်သားမြို့နယ်တွင် ကုန်တင်ယာဉ်ဖြတ်သန်းသွားလာမှုနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ကုန်တင်ယာဉ်ဖြတ်သန်းသွားလာမှုနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကျုံပျော်မြို့ တေဇရပ်ကွက်ရှိ အခြေခံလူတန်းစားအိမ်ထောင်စုများအတွက် စုပေါင်းလှူဒါန်း

ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း အခြေခံလူတန်းစားအိမ်ထောင်စုများ စားဝတ်နေရေး အဆင်ပြေစေရန်အတွက် ရပ်ကွက်အတွင်းရှိ အလှူရှင်များစုပေါင်းကာ လှူဒါန်းမှုပြုလုပ်ခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ တေဇရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံး၌ စက်တင်ဘာ ၂၆ ရက် နံနက်က ပြုလုပ်သည်။

ချီဖွေမြို့နယ်တွင် ကမ္ဘာ့ခွေးရူးရောဂါ တိုက်ဖျက်ရေး အထိမ်းအမှတ်အဖြစ် ခွေးရူးရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်း ဆောင်ရွက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်တွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ကမ္ဘာ့ခွေးရူးရောဂါ တိုက်ဖျက်ရေး အထိမ်းအမှတ်အဖြစ် ခွေးရူးရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို စက်တင်ဘာလ (၂၆) ရက်နေ့ မွန်းလွဲ(၂) နာရီအချိန်က မြို့ပေါ်ရပ်ကွက်များရှိ အိမ်မွေးခွေးများအား ကာကွယ်ဆေးထိုးနှံပေးခြင်း ဆောင်ရွက်ခဲ့သည်။
Subscribe to