အိမ်မဲမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သော ကျောင်းသား/ သူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

အိမ်မဲ စက်တင်ဘာ ၂၈

ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမတွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား/ သူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်ပညာရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမင်းသူနှင့် မြို့နယ်ပညာရေး ကြီးကြပ်မှု ကော်မတီအတွင်းရေးမှူး ပညာရေးမှူး ဆရာကြီးဦးတက်တိုး တို့က ဂုဏ်ပြုအမှာစကားများ အသီးသီးပြောကြားခဲ့သည်။ ဆက်လက်ပြီး ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သော (၆) ဘာသာ ဂုဏ်ထူးရှင် (၃) ဦး၊ (၅) ဘာသာဂုဏ်ထူးရှင် (၁) ဦး၊ (၄) ဘာသာဂုဏ်ထူးရှင် (၃) ဦး၊ (၃) ဘာသာဂုဏ်ထူးရှင် (၈) ဦးနှင့် အောင်ချက် အကောင်းဆုံး ကျောင်းဖြစ်သော အ-ထ-က ဘုရားကြီးကုန်းကျောင်း တို့ကို တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့်ခဲ့ကြောင်း သိရသည်။

အိမ်မဲမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုသူ ၂၉၄၄ ဦးဖြေဆိုရာ အောင်မြင်သူ ၁၀၄၉ ဦး အောင်မြင်၍ အောင်ချက်ရာခိုင်နှုန်း ၃၅ ဒသမ ၆၃ ရာခိုင်နှုန်းရရှိကြောင်းနှင့် (၆) ဘာသာဂုဏ်ထူးရှင် (၃) ဦး၊ (၅) ဘာသာ ဂုဏ်ထူးရှင် (၁) ဦး၊ (၄) ဘာသာဂုဏ်ထူးရှင် (၃) ဦး၊ (၃) ဘာသာဂုဏ်ထူးရှင် (၂၇) ဦး၊ (၂) ဘာသာဂုဏ်ထူးရှင် (၁၁၅) ဦး၊ (၁) ဘာသာဂုဏ်ထူးရှင် (၂၉၈) ဦး ရရှိခဲ့ကြောင်း သိရသည်။

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)