ထားဝယ်၊ စက်တင်ဘာ ၂၈
တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ ပန်းတင်အင်းကျေးရွာရှိဓမ္မာရုံ၌ ယမန်နေ့မွန်းလွဲပိုင်းတွင် ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ကလျာဏမိတ္တပရဟိတဖောင်ဒေးရှင်းတို့ပူးပေါင်း၍ ပထမအကြိမ် မဲပေးမည ့်လူငယ်များအားပြည်သူ့နီတိနှင့် ဆန္ဒမဲပေးပုံ အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုနောက် ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအောင်မင်း က အမှာစကားပြောကြားပြီး ကလျာဏ မိတ္တပရဟိတ ဖောင်ဒေးရှင်းမှ ဥက္ကဋ္ဌ ဦးအောင်သူရလင်းက ပထမအကြိမ် မဲပေးမည့်လူငယ်များအား ပြည်သူ့ နီတိနှင့် နိုင်ငံဖွဲ့စည်းတည်ဆောက်ပုံ၊ လွှတ်တော်အဆင့်ဆင့်ရွေးချယ် တင်မြှောက်မှု၊ မဲပေးခြင်းဆိုင်ရာ အသိ ပညာပေးခြင်း၊ မဲစာရင်းကြည့်ရှုခြင်း၊ ပယ်မဲ၊ ခိုင်လုံမဲ၊ ကြိုတင်မဲ၊ ကိုဗစ်-၁၉ကာလအတွင်း လက်တွေ့သရုပ်ပြ မဲပေးခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ အကြောင်းအရာများ အသိပညာပေးပြုလုပ်ပေးခဲ့သည်။
အဆိုပါ အသိပညာပေးခြင်းတွင် တက်ရောက်လာကြသူများက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များအား လိုက်နာဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကျော်ကျော်လတ်(ပြန်/ဆက်)