ကာမိုင်းမြို့အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်‌ထောင်စု (၁၇၁၂) စုအတွက်နိုင်ငံတော်မှ တတိယ အကြိမ်မြောက် တစ်အိမ်ထောင်စုလျှင် ငွေကျပ်နှစ်သောင်းစီ ထောက်ပံ့‌ငွေပေးအပ်

ကာမိုင်း  စက်တင်ဘာ ၂၈                                        

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့ဒေသအတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများ ဖြစ်သည့် အိမ်ထောင်စု (၁၇၁၂) စုတို့အတွက် နိုင်ငံတော်မှ တတိယအကြိမ်မြောက်အနေဖြင့် တစ်အိမ်ထောင်စုလျှင် ငွေကျပ်နှစ်သောင်းစီကို စက်တင်ဘာ (၂၆) ရက် နံနက်(၉)နာရီက  အိမ်‌တိုင်ရာရောက် ထောက်ပံ့‌ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ၊ ရာအိမ် မှူးများနှင့် လူမှုကူညီရေးအသင်းအဖွဲ့များ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များ၊ ကောင်ရာကျေးရွာ၊ နန့်စီးအင်၊ ကထန်ယန်၊ ဂေါ်ရီ၊ နန့်ယားနှင့် ကပ်မှော်ဇွပ်ကျေးရွာ အုပ်စုများရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် နံနက်ပိုင်းတွင် အိမ်ထောင်စု (၈၅၅) စုအတွက် ငွေကျပ် (၁၇၁၀၀၀၀၀) တို့ကိုလည်းကောင်း၊ ညနေပိုင်းတွင် အိမ်ထောင်စု (၈၅၇) စုအတွက် ငွေကျပ် (၁၇၁၄၀၀၀၀) တို့ကိုလည်းကောင်း စုစုပေါင်း (၃၄၂၄၀၀၀၀) တို့ကို အဖွဲ့များခွဲ၍ ပြည်သူများထံသို့ လက်ဝယ်အရောက်‌ နေ့ချင်းပြီး အသီးသီးထောက်ပံ့ ပေးအပ်ခဲ့ကြောင်း မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ဇွဲသူရအောင်(ပြန်/ဆက်)