လှိုင်းဘွဲ စက်တင်ဘာ ၂၈
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် မဲဆမိတ်ကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ် ထိန်းချုပ်ရန်နိုင်အတွက် ရွာအဝင်တွင် စစ်ဆေးရေးဂိတ် ဖွင့်လှစ်၍ စစ်ဆေးခြင်း လုပ်ငန်းများ အရှိန်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို မဲဆမိတ်ကျေးရွာ ရွာအတွင်းသို့ ဝင်ရောက်မည့် လမ်းထိပ်တွင် စစ်ဆေးဂိတ်များ ဖွင့်လှစ်၍ အဝင်အထွက် စစ်ဆေးခြင်းများ၊ Mask တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ နေရပ်လိပ်စာနှင့် သွားရောက်သည့် ခရီစဉ်များအား မှတ်တမ်းရေးသွင်းခြင်း လုပ်ငန်းများကို ကျေးရွာ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီမှ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရွာသား များက အလှည့်ကျ တာဝန်ယူ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)