လှိုင်းဘွဲမြို့နယ် ပိန္နဲတောကျေးရွာတွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ အသက် (၈၀)နှင့် (၈၅)နှစ် သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေများပေးအပ်

လှိုင်းဘွဲ စက်တင်ဘာ ၂၈

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ အသက်(၈၀)နှင့်(၈၅)နှစ်အတွင်း သက်ကြီးဘိုးဘွား များအား ထောက်ပံ့ငွေများ ပေးအပ်လျက်ရှိရာ ယမန်နေ့က ပိန္နဲတောကျေးရွာ၌ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ငွေများ ပေးအပ်ရာတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစောချစ်ဦး၊ ပိန္နဲတောကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျောက်တိုင်နှင့် ရပ်မိရပ်ဖ များက ကိုဗစ်-၁၉ ကာလအတွင်း စီးပွားရေးကုစားမှု အစီအစဉ်အရ မိသားစုစားဝတ်နေရေး အဆင်ပြေချောမွေ့စေရန်အတွက် ရည်ရွယ်၍ အသက်(၈၀)နှင့် (၈၅) နှစ်အတွင်းရှိ သက်ကြီးဘိုးဘွားများအား တစ်ဦးလျှင် (၃၀၀၀၀) ကျပ်နှုန်းဖြင့် အဘိုး(၇)ဦးနှင့်အဘွား(၄)ဦး စုစုပေါင်း(၁၁)ဦးတို့အား အိမ်တိုင် ရာရောက် လိုက်လံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)