နောင်ချိုမြို့ ကုန်တင်ကုန်ချအဖွဲ့မှ လုပ်သား အိမ်ထောင်စု (၅၁) စုအား အခြေခံ စားကုန်များ ထောက်ပံ့

 

နောင်ချို စက်တင်ဘာ ၂၈

ကျောက်မဲခရိုင် ၊ နောင်ချိုမြို့ ကုန်တင်ကုန်ချအဖွဲ့မှ လုပ်သား အိမ်ထောင်စုများအား ယမန်နေ့​ ညနေ (၃ )နာရီချိန်က ဈေးရပ်ကွက် မြို့လယ်ဓမ္မာရုံ၌ အခြေခံစားကုန်များကို ထောက်ပံ့ ပေးခဲ့ကြောင်းသိရသည်။

အဆိုပါ လှူဒါန်းမှုတွင် နောင်ချိုမြို့နေ ဦးလှိုင်ဌေးဦး+ဒေါက်တာဇင်မော်မော် မိသားစုနှင့် စုံနံ့သာပရဟိတအဖွဲ့တို့မှစုပေါင်း၍ အိမ်ထောင်စု တစ်စုလျှင်ဆန်(၆)ပြည်၊ ဆီ (၁)ပိသာ နှုန်း ဖြင့် ကုန်တင်ကုန်ချလုပ်သားအိမ်ထောင်စု (၅၁)စု အား ထောက်ပံ့ လှူဒါန်းခဲ့ကြသည်။

နောင်ချိုမြို့နယ် ဈေးရပ်ကွက် အုပ်ချုပ်ရေးမှူး  ဦးမြတ်မိုးအောင်၏ စည်းရုံးဦးဆောင်မှု၊ အလှူရှင်များ၏ လှူဒါန်းမှုတို့ဖြင့် ကိုဗစ်-၁၉ ကာလအတွင်း အခြေခံ လူတန်းစားများနှင့် နေ့စား လုပ်သားများ၏ စားဝတ်နေရေးကို တစ်ဖက်တစ်လမ်းမှ အထောက် အပံ့ရစေရန် အတွက် ရပ်ကွက်အတွင်း အလှည့် ကျစနစ်ဖြင့် စဉ်ဆက်မပြတ် လှူဒါန်း ပေးလျက် ရှိကြောင်း သိရသည်။

ထွေးငယ်(ပြန်/ဆက်)