နေရပ်ပြန်မြန်မာသင်္ဘောသားများ ကော့သောင်းမြို့တွင် အသွားအလာ ကန့်သတ်စောင့်ကြည့်

ကော့သောင်း စက်တင်ဘာ ၂၈

ကော့သောင်းမြို့အနီး အက်ဒမန်ပင်လယ်အတွင်း Crew Change ပြုလုပ်ရန် ဘရာဇီးနိုင်ငံနိုင်ငံမှ လာရောက်သည့် MTM HONG KONG သင်္ဘော ပေါ်မှ သင်္ဘောသား(၂၁)ဦး၊ စင်္ကာပူနိုင်ငံမှ လာရောက်သည့် MV.GOLDEN CHIE သင်္ဘောပေါ်မှ သင်္ဘောသား(၁၁)ဦး စုစုပေါင်း သင်္ဘော နှစ်စီးပေါ်မှ သင်္ဘောသား (၃၂)ဦး ယမန်နေ့ ညနေပိုင်းက Sign off ထွက်လာရာ     ကော့သောင်းမြို့ ဆိပ်ကမ်း၌ တာဝန်ရှိဌာနဆိုင်ရာပူးပေါင်းအဖွဲ့နှင့် ကျန်းမာရေးဌာနမှ တာဝန် ရှိသူများက လိုအပ်သည့်ကျန်းမာရေး စစ်ဆေးမှုများဆောင်ရွက်ကာ ကော့သောင်းမြို့တွင် Hotel Quarantine (၁၄) ရက် ထားရှိပြီး ၎င်းတို့၏ Swb နမူနာများအား ရန်ကုန်အမျိုးသား ကျန်းမာရေး ဓာတ်ခွဲဌာနသို့ ပို့ဆောင်ဓာတ်ခွဲ စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

သင်္ဘောများပေါ်မှ Sign off ထွက်လာသည့် အဆိုပါမြန်မာသင်္ဘောသား (၃၂) ဦးမှာ ကော့သောင်းမြို့တွင် ကြိုတင်ရောက်ရှိနေသည့် MTM HONG KONG သင်္ဘော ပေါ်သို့ sign on တက်ရောက်မည့် ကပ္ပတိန်ဦးညီညီလေးပါ သင်္ဘောသား (၂၂)ဦး ၊ MV.GOLDEN CHIE သင်္ဘော ပေါ်သို့ sign on တက်ရောက်မည့် ကပ္ပတိန်ဦးလင်းဇော်ပါ သင်္ဘောသား (၁၁) ဦးတို့ဖြင့်  တာဝန်လွဲပြောင်းယူခဲ့သူများဖြစ်ကြောင်း သိရသည်။

ကျော်စိုး(ကော့သောင်း)