ဘိုကလေးမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီသို့ အလှူငွေ ပေးအပ်ပွဲ အခမ်းအနား ကျင်းပ

ဘိုကလေး  စက်တင်ဘာ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီသို့ အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ၂၆-၉-၂၀၂၀ နေ့ ညနေ(၃)နာရီ၌ ဘိုကလေးမြို့၊ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း Facility Quarantine Center အုပ်ချုပ်မှူးရုံး၌ ကျင်းပသည်။

အခမ်းအနားတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်မေသန်းနွဲ့နှင့် မိသားစု၊ မြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌ ဦးထွန်းလှဦးတို့မှ စောင့်ကြည့်ခံပုဂ္ဂိုလ်များနှင့် စေတနာ့လုပ်အားရှင်များအား နေ့လည်စာနှင့် ညနေစာ ကျွေးမွေးနိုင်ရေး အတွက် အလှူငွေ (၁) သိန်းကျပ်စီ ပေးအပ်လှူဒါန်းခဲ့ကြကြောင်း၊ အလှူငွေများကို မြို့နယ် ကျန်းမာရေး အထောက်အကူပြုဥက္ကဋ္ဌ ဦးမောင်မောင်တာနှင့်် တာဝန်ရှိသူများမှ လက်ခံခဲ့ကြပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်း လွှာများ ပြန်လည်ပေးအပ်ခဲ့သည်။

ယနေ့နံနက်အထိ ဘိုကလေးမြို့၊ အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်း Facility Quarantine Center ၌ အသွားအလာ ကန့်သတ်ထားရှိသူ ကျား (၂၂) ဦး၊ မ (၁၁) ဦး စုစုပေါင်း (၃၃) ဦးရှိကြောင်း သိရသည်။

 

မိုးစက်(ဘိုကလေး)