ကျိုက်လတ်၌ သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

ကျိုက်လတ်   စက်တင်ဘာ   ၂၈

ဧရာဝတီတိုင်းဒေသကြီး ၊ ဖျာပုံခရိုင် ၊ ကျိုက်လတ်မြို့နယ် ၊ အမှတ်(၆)ရပ်ကွက် အ.မ.က  (၁၀)(မူလွန်)တွင်  စက်တင်ဘာလ ၂၆ ရက်နေ့ နံနက်(၈) နာရီမှ စ၍ ကျိုက်လတ်မြို့တစ်ဖက်ကမ်း အမှတ်(၆)ရပ်ကွက် အတွင်းရှိ ပြည်သူများ နိုင်ငံသားစိစစ်ရေးကတ်ပြားများကို  သစ္စာစီမံချက်ဖြင့် ကွင်းဆင်း ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ ဆောင်ရွက်ပေးရာ တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက်  ကျန်းမာရေးဦးစီးဌာန၏ ညွှန်ကြားချက်များနှင့်အညီစီစဉ်ထားရှိပြီး ၂၀၂၀ ပြည့်နှစ် ၊ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးရန်အတွက် မဲစာရင်း၌ နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသေးသူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးထွန်းဆွေနှင့် ဝန်ထမ်းများက အမှတ်(၆)ရပ်ကွက် အတွင်းရှိ ပြည်သူများ၏ နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ရန် လာရောက် လျှောက်ထားခြင်းနှင့်  အသက်ပြည့် လာရောက် လဲလှယ်ခြင်းတို့အတွက် သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကို နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရီရီမြင့် (ပြန်/ဆက်)