မိုင်းဆတ်မြို့၌ စားသောက်ဆိုင်များနှင့် လက်ဘက်ရည်ဆိုင်များ ပါဆယ်စနစ်(Take Away) ဖြင့်သာ ရောင်းချရန် အသိပေး

 

မိုင်းဆတ် စက်တင်ဘာ ၂၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ စားသောက်ဆိုင်များနှင့် လက်ဘက်ရည်ဆိုင်များ ပါဆယ် စနစ် (Take Away)ဖြင့်သာ ရောင်းချရန် ယနေ့နံနက်(၈)နာရီက မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ဆောင်ရွက်ရေး ကော်မတီ ဝင်တို့က လိုက်လံအသိပေးဆောင်ရွက်ခဲ့ ကြောင်းသိရသည်။

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အများပြည်သူများ စားသုံးရန် ဖွင့်လှစ် ရောင်းချလျက်ရှိသည့် စားသောက်ဆိုင်နှင့် လက်ဘက်ရည်ဆိုင်များအနေဖြင့် ပါဆယ် စနစ်ဖြင့်သာ ရောင်းချနိုင် ရေးနှင့် ရောင်းချရာတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဌာနက ထုတ်ပြန်ထားသောကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များကို တိကျစွာ လိုက်နာရန်၊ လိုက်နာဆောင်ရွက်ခြင်းမရှိပါက တည်ဆဲဥပဒေ ဖြင့်အရေး ယူဆောင်ရွက် သွားမည်ဖြစ် ကြောင်းပြောကြားခဲ့သည်။

ထိုသို့ဆောင်ရွက်ခြင်းကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘိုဘိုဇော်၊ မြို့နယ် စည်ပင် သာယာရေး ဌာန အမှုဆောင်အရာရှိ ဦးအောင်သူနှင့် မြို့နယ်ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ် ထိန်းချုပ်ရေးနှင့် အရေး ပေါ်တုန့်ပြန်ဆောင်ရွက်ရေးကော်မတီဝင်တို့က မြို့ပေါ်ရှိ စားသောက်ဆိုင်နှင့် လက်ဘက််ရည်ဆိုင် စုစုပေါင်း (၃၅) ဆိုင်သို့ ကွင်းဆင်း အသိပေး ပြောကြား ခဲ့ကြောင်းသိရသည်။

မြင့်မောင်(ပြန်/ဆက်)