ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်နှာခေါင်းစည်း(Mask) များအခမဲ့ဖြန့်ဝေခြင်းလုပ်ငန်းဆောင်ရွက်

ဒဂုံမြို့သစ်(အရှေ့ပိုင်း) စက်တင်ဘာ ၂

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်စေရေးနှင့် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အမှတ်(၈) ရပ်ကွက်အတွင်း ဖွင့်လှစ်ထား သောအမှတ်()ဈေးရှေ့ ပြည်သူများသို့ နှာခေါင်းစည်း (Mask) များတပ်ဆင်ရန် နှာခေါင်းစည်း (Mask) များဖြန့်ဝေခြင်းကို ယမန်နေ့နံနက် () နာရီ  ခန့်က ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာ တွင်၊ လွှတ်တော်ကိုယ်စားလှယ်များ၊မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်များ၊ We Love East Dagon အဖွဲ့သားများ စုပေါင်း၍ ရပ်ကွက်အတွင်းရှိ လမ်းသွားလမ်းလာပြည်သူများ၊ ဈေးရောင်းဈေးဝယ်ပြည်သူများ၊ မဖြစ်မနေ နေအိမ်ပြင်ပသို့ ထွက်ခွာရတိုင်း နှာခေါင်းစည်း (Mask) များ တပ်ဆင်ရန်၊ ကျန်းမာရေးနှင့်အား ကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အမိန့်ညွှန်ကြားချက် များကို လိုက်နာရန်၊ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမဖြစ်စေရေးနှင့် ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများအား နှာခေါင်းစည်း Mask(၂၅၀၀) အား အခမဲ့ ဖြန့်ဝေပေး ခဲ့ကြောင်း သိရသည်။

လှလှထွေး(ပြန်/ဆက်)