လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်အစိုးရနည်းပညာအထက်တန်းကျောင်းတွင်ဖွင့်လှစ်ထားသည့် ကန့်သတ်စောင့်ကြည့်စခန်းအတွက် အစားအသောက်များလှူဒါန်း

လှိုင်သာယာ(အနောက်ပိုင်းစက်တင်ဘာလ  

ရန်ကုန်တိုင်းဒေသကြီး ၊မြောက်ပိုင်းခရိုင် ၊လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အမှတ်(၁၄)ရပ်ကွက် အစိုးရနည်းပညာ အထက်တန်းကျောင်းတွင် ဖွင့်လှစ်ထားရှိသည့် ကန့်သတ်စောင့်ကြည့်စခန်းအတွက် အစားအသောက်များကို လှိုင်သာယာမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအေးဗိုလ်၊ အမှတ်() တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူ၊ စည်ပင်သာယာရေးကော်မတီ အဖွဲ့ဝင် () ဦးဇော်အောင်နှင့်အလှူရှင်များက မန်နေ့နံနက်ပိုင်းက ပေးအပ်လှူဒါန်းသည်။

ထိုသို့ လှူဒါန်းရာတွင် လှိုင်သာယာမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအေးဗိုလ်နှင့် အမှတ်()တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူ၊  စည်ပင်သာယာရေးကော်မတီ အဖွဲ့ဝင် () ဦးဇော်အောင် နှင့် အလှူရှင်များက ကိုဗစ်၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက်   အစိုးရနည်းပညာ အထက်တန်းကျောင်း(လှိုင်သာယာ)တွင် ဖွင့်လှစ်ထားသည့် ကန့်သတ်စောင့်ကြည့် စခန်းမှ စောင့်ကြည့် လူနာများနှင့် တာဝန်ထမ်းဆောင်လျက်ရှိသော Volunteerများ၊ လုံခြုံရေး တာဝန်ကျရဲများ နှင့် မီးသတ်တပ်ဖွဲ့ဝင်များအတွက် ကြာဇံကြော်(၈၅)ဘူးကို ပေးအပ်လှူဒါန်းခဲ့ပြီး ကန့်သတ်စောင့်ကြည့် စခန်းမှ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်းသိရသည်။

မြသန္တာဝင်း(ပြန်/ဆက်)