ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှု အစီအစဉ်အရ မြင်းခြံခရိုင်အတွင်းရှိ အသက် ၈၀ နှင့် ၈၅ နှစ်အတွင်း သက်ကြီးရွယ်အိုများအား ကျပ်သုံးသောင်းစီ ထောက်ပံ့သွားမည်

မြင်းခြံ စက်တင်ဘာ ၂၈

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင်အတွင်းရှိ အသက် ၈၀ နှင့် ၈၅ နှစ်အတွင်းရှိ သက်ကြီး ရွယ်အိုဘိုးဘွားများအား ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ ဘိုးဘွားတစ်ဦးလျှင် ကျပ်သုံးသောင်းစီ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ သိရသည်။

"ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ အသက် ၈၅ နှစ်အထက် လူမှုရေး ပင်စင် မခံစားရသေးတဲ့ အသက် ၈၀ နှင့် ၈၅ နှစ် အတွင်း သက်ကြီးဘိုးဘွား များကို ကျပ်သုံးသောင်း စီ‌ ထောက်ပံ့ပေးအပ်သွားမှာဖြစ်ပြီး တစ်ကြိမ်သာ ထောက်ပံ့ပေးအပ်သွားမှာဖြစ်ကြောင်း" ခရိုင် လူမှု ဝန်ထမ်းဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်နန်းမောက်ဆိုင်က ပြောသည်။

မြင်းခြံခရိုင်အတွင်းတွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ အသက် ၈၀ နှင့် ၈၅ နှစ်အတွင်းရှိ သက်ကြီးရွယ်အိုဘိုဘွား (၇၃၉၈) ဦးရှိပြီး အောက်တိုဘာလဆန်းပိုင်းတွင် စတင် ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်စွာ(မြင်းခြံ)