ထန်းတပင်(ရန်ကုန်)၊ စက်တင်ဘာ ၂၈
ပြည်သူမှ ပြည်သူဆီသို့ အခြေခံစားသောက်ကုန်များ ပြန်လည်မျှဝေလှူဒါန်းပေးခြင်းကို ယမန်နေ့ နံနက် ပိုင်းက ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် အမှတ်(၁)ရပ်ကွက်၊ ရာဇဓိရာဇ်လမ်းတွင် အလှူရှင်တစ်ဦးမှ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပြည်သူမှ ပြည်သူသို့ အခြေခံစားသောက်ကုန်များ ပြန်လည်မျှဝေလှူဒါန်းပေးရာတွင် အလှူရှင် ဦးမောင်မောင်အေးနှင့် ဇနီးဒေါ်ခင်ဆွေနိုင် မိသားစုတို့မှ အမှတ်(၁)ရပ်ကွက် ရာဇဓိရာဇ်လမ်းနှင့် လမ်း သွယ်တို့ရှိ အခြေခံလူတန်းစားအိမ်ထောင်စု(၁၀၀)တို့အား တစ်အိမ်ထောင်စုလျှင် ဆန်(၃)ပြည်၊ ဆီ (၅၀)ကျပ်သားနှင့် အိုင်အိုဒင်းဆားတစ်ထုပ်တို့ကို ပြန်လည်မျှဝေ ပေးအပ်လှူဒါန်းပေးခဲ့ကြောင်း သိရ သည်။
ကိုဗစ်-၁၉ ရောဂါ ကာလမှာ အခက်အခဲဖြစ်နေတဲ့ အိမ်ထောင်စုတွေကို ပြန်လည်မျှဝေပေးတာပါ၊ ကျန်တဲ့အခြားနေရာတွေမှာလည်း ဒီလိုပြန်လည်မျှဝေတဲ့ အစီအစဉ်လေးတွေ လုပ်ပေးနိုင်ဖို့အတွက် လည်း ရည်ရွယ်ပါတယ်၊ နောက်ပြီး ဒီလိုမျိုးအခြားနေရာတွေမှာ လုပ်ပေးမယ်ဆိုရင် ကိုဗစ်-၁၉ ကာလမှ အများကြီး အခြေခံအိမ်ထောင်စုတွေအတွက် အထောက်အကူပြုပါတယ်ဟု အလှူရှင် ဦးမောင်မောင် အေးက ရှင်းပြသည်။
ဇင်မင်းထိုက်(ထန်းတပင်)