ဟိုပုံးမြို့၌ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ESAP စီမံကိန်းဖြင့် ဆောင်ရွက်သည့် ကုန်ထုတ်လမ်း နှင့် စိမ့်စမ်းရေသွယ်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

 

ဟိုပုံး  စက်တင်ဘာလ ၂၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ESAP စီမံကိန်းဖြင့် ဆောင်ရွက်သည့် ကုန်းကျိုင်းကျေးရွာအုပ်စု၊ ဟိုလိ ကျေးရွာတွင် ကုန်ထုတ်လမ်းနှင့် စိမ့်စမ်းရေသွယ်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး ပြီဖြစ် ကြောင်း သိရ သည်။

အဆိုပါလုပ်ငန်းများကို ၂၀၂၀ပြည့်နှစ်၊ မေလ ၁ ရက်နေ့မှ စတင်၍ ထွန်းကြယ်စင်ကုမွ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိရာ ငွေကျပ်(၁၁.၇၃၃)သန်းဖြင့်ဆောင်ရွက်သည့် စိမ့်စမ်း ရေ သွယ်ခြင်း လုပ်ငန်း (၁/၀)မိုင် ကိုလည်းကောင်း၊ ဂျွန်ကျောက်မြေကုမ္ပဏီမှ ဆောင်ရွက်သည့် ငွေကျပ် (၃၆.၇၅)သန်းဖြင့် ကုန်ထုတ်လမ်း(၃၉၆၀)ပေဖောက်လုပ်ခြင်းနှင့် Box Culvert ၂ စင်း တည်ဆောက်ခြင်းလုပ်ငန်းများ ကိုဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ဟိုပုံးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ဟိုလိကျေးရွာတွင် အိမ် ထောင်စု(၁၁၀)စု၊ လူဦးရေ ၄၈၀ဦးတို့အတွက် ကျေးလက်နေပြည်သူများ၏ လူမှု စီးပွားဘဝ မြင့်တင်နိုင်ရေး၊ သန့်ရှင်းသောသောက်သုံးရေရရှိရေး၊ လယ်ယာထွက်ကုန်များ ကုန်ကျစရိတ် အနည်းဆုံးဖြင့် ဈေးကွက်သို့လျင်မြန်စွာရောက်ရှိစေရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ပေးခဲ့ ခြင်းဖြစ်ကြောင်း  မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးထံမှ သိရသည်။

နေမင်ထွန်း(ဟိုပုံး)