ဇလွန် စက်တင်ဘာ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရေးအတွက် ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေး လုပ်ငန်းများကို နေ့စဉ်အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈ နာရီအချိန်ခန့်တွင် ပူးပေါင်းအဖွဲ့ဖြင့် ဇလွန်မြို့မစျေး သစ်အတွင်း ဈေးရောင်း၊ ဈေးဝယ်များ Mask တပ်ဆင်မှုရှိစေရေးနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန် ထားသော စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်း ရှိ / မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးရာတွင် ဇလွန် မြို့မဈေးသစ်အတွင်းရှိ ဈေးရောင်း၊ ဈေးဝယ် ပြည်သူများ နှာခေါင်းစည်း တပ်ဆင်မှု ရှိ / မရှိ ၊ တစ်ဦးနှင့်တစ်ဦး ၆ ပေအကွာ ရောင်းချမှု ရှိ / မရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်း ရှိ / မရှိ တို့ကို လှည့်လည်စစ်ဆေးပြီး ဈေးရောင်းချသူများအနေဖြင့် တိုင်းဒေသကြီးအဆင့် ကိုဗစ်-၁၉ ကော်မတီမှ ထုတ်ပြန်ကြေညာထားသော သတ်မှတ် အချိန်များ အတွင်း၌သာ ဖွင့်လှစ်ရောင်းချ သွားကြရန်နှင့် ထိုသို့ရောင်းချရာတွင်လည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များအား ဈေးရောင်းသူများမှ လိုက်နာဆောင်ရွက်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးအစီအမံများ ဆောင်ရွက်ထားရှိ၍ စနစ်တကျ ရောင်းချခြင်း ရှိ/မရှိ တို့အား စစ်ဆေးခဲ့ကြသည်။
ဝေယံ - ဇလွန်(ပြန်/ဆက်)