Quarantine Centre အဖြစ်ထပ်မံဖွင့်လှစ်ရန်အမှတ်( ၃၉ )အခြေခံပညာမူလတန်းကျောင်းအား စုပေါင်းသန့်ရှင်းရေးပြုလုပ်

ရွှေပြည်သာ   စက်တင်ဘာ     ၂

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်  ထိန်းချုပ်ရေး နှင့်ကူးစက်ပျံ့ပွားမှုများ မဖြစ်စေရန်အတွက်    အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ   ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိသည့် ဓာတ်ခွဲအတည် ပြုလူနာများနှင့်ထိတွေ့ခဲ့သည့် သူများအား  သီးခြားနေထိုင်  စောင့်ကြည့်နိုင်ရေး  Quarantine  Centre  များဖွင့်လှစ်၍ မြို့နယ်ကိုဗစ်-၁၉ကော်မတီဝင်များ၊ရပ်/ကျေးကော်မတီဝင်များ၊ ပရဟိတလူမှုရေးအသင်းအဖွဲ့များနှင့် စေတနာရှင်ပြည်သူများက လိုအပ်သည်များကို  ပံ့ပိုးကူညီ  ဆောင်ရွက်ပေးလျက်ရှိပါသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ရွှေပြည်သာမြို့နယ်တွင် Quarantine Centre  များထားရှိပြီးမိမိတို့ ရပ်ကွက်/ကျေးရွာများအလိုက် အခြေခံကျောင်းများအားလိုအပ်ပါကအသုံးပြုနိုင်ရန်အတွက်  Quarantine Centre  အဖြစ်ပြင်ဆင်ထားလျှက်ရှိရာ ယနေ့နံနက်ပိုင်းက ဇီးကုန်းကျေးရွာ၊အမှတ်( ၃၉ ) အခြေခံပညာမူလ တန်းကျောင်းအား  စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြပြီး အဆိုပါစုပေါင်းသန့်ရှင်းရေး   ဆောင်ရွက်ရာသို့ ကျေးရွာအုမ်ချုပ်ရေးမှူးနှင့်ကိုဗစ်ကော်မတီဝင်များ၊  ပရဟိတအဖွဲ့ဝင်များက  အခန်းသန့်ရှင်းရေး၊လမ်းသန့်ရှင်းရေးနှင့်စာသင်ခုံများစနစ်တကျထားရှိခြင်းမီးစက်များတပ်ဆင်ပြုပြင်ပေးခြင်း၊သန့်စင်ခန်း၊ရေသုံးရန်နေရာများနှင့်လက်ဆေးဘေစင်များကိုလည်း စနစ်တကျဆောင်ရွက်ထားရှိ ပေးခဲ့ကြောင်းသိရသည်။

အေးအေးမိုး ( ပြ န် /ဆက် )