ရန်ကုန် စက်တင်ဘာ ၂၈
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုဖြစ်ပွားခဲ့သော ရပ်ကွက်များအတွင်း၌ လမ်းများတွင် Lock Down ချထားခြင်းခံရသော အိမ်ထောင်စုဝင်များအား စားဝတ်နေရေး အဆင်ပြေစေရန် We Love Yangon နှင့်We Love Bahan တို့မှ ယနေ့နံနက်ပိုင်းက လာရောက် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် Lock Down ချထားသည့် ဗဟန်းမြို့နယ်အတွင်းရှိ ရပ်ကွက်များအနက် ဆရာစံ(မြောက်/အရှေ့)ရပ်ကွက်၊ ဆရာစံ(မြောက်/အနောက်)ရပ်ကွက်)၊ ဆရာစံတောင်ရပ်ကွက်၊ ကျိုက္ကဆံရပ်ကွက်အတွင်းရှိ လမ်းများအတွင်း လတ်တလော စားဝတ်နေရေး အဆင်ပြေစေရန် Quarantine ဝင်နေသော အိမ်ထောင်စုများအား We Love Yangon ၊We Love Bahan နှင့် ရပ်ကွက် အတွင်းနေ စေတနာရှင် ပြည်သူများက ဆန်၊ဆီ၊ဆား၊ပဲ၊ငါးသေတ္တာ၊ ငါးနီတူကြော်၊ ဘာလချောင်ကြော်၊ ရှူးရှဲလက်ဖက်၊ ကော်ဖီမစ်၊ ခေါက်ဆွဲခြောက်ထုပ်၊ နှာခေါင်းစည်း Masks များ လှူဒါန်းပေးခဲ့ပြီး ကျန်ရှိသောရပ်ကွက်များရှိ Lock Down ချထားခြင်းခံရသော နေအိမ်များမှ မိသားစုများကိုလည်း ဆက်လက်ပေးဝေသွားမည်ဖြစ်ကြောင်းသိရှိရသည်။
အောင်မြင့်(ပြန်/ဆက်)