တန့်ယန်း စက်တင်ဘာ ၂၈
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် တားဆီးရေး အတွက် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အလှူရှင်၊ စေတနာရှင်ပြည်သူများနှင့် ပူးပေါင်းကာ ဆောင်ရွက် နေလျှက်ရှိရာ မြို့နယ်အရန်မီးသတ်တပ်ရင်းအသုံးပြုနိုင်ရန် ပိုးသတ် ဆေးအငွေ့ဖျန်းစက် လှူဒါန်းခဲ့သည်။
ထိုသို့ ပူးပေါင်းဆောင်ရွက်လျှက်ရှိကြရာ စက်တင်ဘာလ ၂၈ ရက်နေ့က အမှတ်(၂) ရပ်ကွက်နေ ဦးအိုက်စိုင်းနှင့် မိသားစုက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် တားဆီး နိုင်ရေး လုပ်ငန်းများတွင် အသုံးပြု ရန်အတွက် ကာလတန်ဖိုးငွေ (တစ်သိန်း နှစ်သောင်း) ကျပ်တန်ဖိုးရှိ ပိုးသတ်ဆေးအငွေ့ဖျန်းစက် တစ်လုံးနှင့် တွဲလျက်ပါ ဆေးပုလင်း (၅၀)လုံး အား လာရောက်လှူဒါန်းခဲ့ရာ မြို့နယ်အရန်မီးသတ်တပ်ရင်းမှ တပ်ခွဲမှူး စိုးမိုးနိုင်နှင့် တာဝန် ရှိသူတို့က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)