အလုံ စက်တင်ဘာ ၂၈
ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသလုပ်ငန်းများနှင့် ဖျားနာကုသအခမဲ့ဆေးခန်း (Fever Clinic)တို့တွင် အသုံးပြုရန်အတွက် အလှူငွေနှင့် ကာကွယ်ရေးသုံး ပစ္စည်းများကို ယနေ့ နံနက်ပိုင်းက လာရောက်ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့ လှူဒါန်းရာတွင် အလှူရှင် Gold Power Co ,Ltd မှ ဦးခင်မောင်အေးနှင့်ဇနီး ဒေါ်ခင်လေး မိသားစုမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် အလှူငွေကျပ် ၁၀ သိန်းနှင့် ငွေကျပ် ၉ သိန်းတန်ဖိုးရှိ လက်သန့်ဆေးရည်၊ PPE ဝတ်စုံများစသည့် ကာကွယ်ရေးသုံးပစ္စည်းများကို လည်းကောင်း၊ Fever Clinic အတွက် PPE ဝတ်စုံ(၅၀)စုံ၊ လက်သန့်ဆေးရည်နှင့် ကာကွယ်ရေးသုံးပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ရာ အလုံမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်နှင့်အဖွဲ့ဝင်များ၊ Fever Clinic မှ ဦးပြည့်ဖြိုးအောင်၊ ဒေါက်တာ ကျော်ကျော်တို့က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည် ပေးအပ်ခဲ့ကြောင်း သိရသည်။
တင်တင်ချို (အလုံ)