ချောင်းသာ စက်တင်ဘာ ၂၈
ပုသိမ်ခရိုင်၊ ချောင်းသာမြို့ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် ကမ်းခြေစည်းကမ်း ထိန်းသိမ်းရေးနှင့် သန့်ရှင်းသာယာလှပရေး ဝန်ထမ်းများ အတွက် ဆန်၊ ဆီ၊ ဆား ၊ကြက်သွန်၊ ကြက်ဥ၊ ရွှေဖရုံသီး စသော စားနပ်ရိက္ခာများကို ယမန်နေ့ နံနက်ပိုင်းက ချောင်းသာမြို့ စုပေါင်းရုံး ခန်းမဆောင်၌ ပေးအပ်ခဲ့သည်။
ထို့နောက် မြို့အုပ်ချုပ်ရေးမှူး က ဝန်ထမ်းများအနေဖြင့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရေး၊ သတ်မှတ် စည်းကမ်းချက်များ၊ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်နိုင်ရေး၊ ပြည်သူများ ယုံကြည်အားထားရသော ဝန်ထမ်းကောင်းများ ဖြစ်စေရေးနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့် ကိစ္စရပ်များကို ဆွေးနွေး တိုင်ပင်ခဲ့ကြကြောင်း သိရသည်။
ရွှေသောင်ယံ (ပြန်/ဆက် )