ရွှေသောင်ယံ စက်တင်ဘာ ၂၈
ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ ရပ်ကွက်နေပြည်သူများ အပြင်ထွက်ဈေးဝယ်သည့်အခါ ရပ်ကွက်အတွင်း ထွက်ခွာသွားလာ ခွင့်ပြုသည့်ကတ်ပြားများ ပါ/မပါအမှတ်(၁)ရပ်ကွက်ရှိ ယာယီဈေးရှေ့တွင် ယမန်နေ့ နံနက်(၇)နာရီက ရပ်ကွက်အုပ်ချုပ်ရေး မှူးနှင့်အဖွဲ့က စစ်ဆေးခဲ့ကြသည်။
ရွှေသောင်ယံမြို့၊ အမှတ်(၁)ရပ်ကွက်တွင် ပြည်သူများ(Stay at Home)နေထိုင်ကြရန်နှင့် ရပ်ကွက်အတွင်း သွားလာသည့်ကတ်များကို ရပ်ကွက်အုပ်ချုပ်ရေးမှူးအိမ်တွင် လာရောက်ထုတ်ယူကြရန်၊ အပြင်ထွက်သည့်အခါ ကတ်များကိုတစ်ပါတည်းယူဆောင်၍ တစ်အိမ်လျှင်(၁)ဦးသာ အပြင်ထွက် ဈေးဝယ်ရန်၊ ကျန်းမာရေးအတွက်ကို(၂)ယောက် အပြင်ထွက်ခွင့်ပြုပြီး ကားနှင့်ဈေးဝယ်ထွက်လျှင် ယာဉ်မောင်းပါ(၂)ဦး၊ မော်တော်ယာဉ်နှင့်ကျန်းမာရေးကိစ္စ အပြင်ထွက်လျှင် ယာဉ်မောင်းပါ(၃)ဦးစီသာ အပြင်ထွက်သွားလာရန် တို့ဖြင့် ယမန်နေ့ညနေပိုင်းက လိုက်လံကြေညာမှုများပြုလုပ်ခဲ့ပြီး နောက်တစ်ရက် နံနက်ပိုင်းတွင် ပြည်သူများကျန်းမာရေးအတွက် အမှန်တစ်ကယ်လိုက်နာ ဆောင်ရွက်ခြင်း ရှိ/မရှိ စစ်ဆေး ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ကိုကိုမောင် (ပြန်/ဆက်)