အလုံ စက်တင်ဘာ ၂၈
အလုံမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် ဆောင်ရွက်နေသော အလုံ မြို့နယ် အရန်မီးသတ်တပ်ဖွဲ့ဝင်များအတွက် အထောက်အပံ့တစ်ခုဖြစ်စေရန်အတွက် ရည်ရွယ်ကာ အလှူငွေပေးအပ်လှူဒါန်းခြင်းကို ယနေ့ နံနက် (၁၀)နာရီအချိန်က အလုံမြို့နယ် သမဝါယမအသင်းစု ရုံးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းပေးအပ်ရာတွင် အလှူရှင် အလုံမြို့နယ် သမဝါယမအသင်းစုမှ ကျပ် ၁၀၀၀၀၀ နှင့် ရွှေတက်လမ်း မော်တော်ယာဉ်ပြုပြင်ရေး သမဝါယမအသင်းဥက္ကဋ္ဌ ဦးဌေးမှ ၅၀၀၀၀ ကျပ်၊ စုစုပေါင်း ကျပ် ၁၅၀၀၀၀ လှူဒါန်းပေးအပ်ခဲ့ရာ အရန်မီးသတ်တပ်ဖွဲ့များက လက်ခံရယူခဲ့ကြောင်း သိရသည်။
တင်တင်ချို (အလုံ)