ပန်းတောင်းမြို့နယ် ဥသျှစ်ပင်လမ်းဆုံ၌ မြို့ဝင်၊ မြို့ထွက်နေရာများရှိ စစ်ဆေးရေးဂိတ်များတွင် နေ့ညမပြတ် စစ်ဆေးဆောင်ရွက်မှုများပြုလုပ်

ပန်းတောင်း စက်တင်ဘာ ၂၈


ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ် ဥသျှစ်ပင်လမ်းဆုံသို့ ကိုဗစ်-၁၉ ကာလအတွင်း ဝင်ရောက်လာသည့် မော်တော်ယာဉ်နှင့် လူပုဂ္ဂိုလ်များအား နေ့စဉ်၊ ညစဉ် စစ်ဆေးဆောင်ရွက်ရန် မြို့သို့ဝင်ရောက်လာသည့် နေရာများ၌ စစ်ဆေးရေးဂိတ်များထားရှိကာ မြို့နယ် ကိုဗစ်-၁၉ အရေးပေါ် ထိန်းချုပ်ရေးနှင့်တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၊ ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်းပါဝင် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
ပန်းတောင်းမြို့သို့ ဝင်ရောက်လာသည့် ခရီးသည်တင်ယာဉ်များ၊ မော်တော်ယာဉ်များ၊ ကုန်တင် ယာဉ်များ၌ လိုက်ပါကြသူများအား တာဝန်ရှိသူများက ခရီးသွားမှတ်တမ်းများ စစ်ဆေးမေးမြန်း ဆောင်ရွက်ကာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကိုယ်အပူချိန်တိုင်းတာခြင်း၊ ဆောင်ရွက်ပေးမှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သင်သင်းအေး (ပြန်/ဆက်)