တောင်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် အသိပညာ ပေးခြင်းနှင့် နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေခြင်းဆောင်ရွက်

ရန်ကုန် စက်တင်ဘာ  ၂၈

 

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်စေရေးနှင့် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အမှတ် (၁၄) ရပ်ကွက်၊ စီမံကိန်း(၁)အတွင်း ပြည်သူများသို့ နှာခေါင်းစည်း (Mask) များ စနစ်တကျတပ်ဆင်ရန် စစ်ဆေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း (Mask) များ ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်ဇေယျာဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးမှ ဝန်ထမ်းများ၊ စီမံကိန်းရပ်ကွက်ရှိ ပရဟိတအဖွဲ့များ ပူးပေါင်း၍ ရပ်ကွက်အတွင်းရှိ လမ်းသွားလမ်းလာပြည်သူများ၊ ဈေးရောင်းဈေးဝယ်ပြည်သူများ၊ မဖြစ်မနေ နေအိမ်ပြင်ပသို့ ထွက်ခွာရတိုင်း နှာခေါင်းစည်း (Mask) များ တပ်ဆင်ရန်၊ Stay At Home ကာလအတွင်း မလိုအပ်ဘဲ နေအိမ်ပြင်ပသို့ မထွက်ကြရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အမိန့်ညွှန်ကြားချက်များကို လိုက်နာရန်အတွက် အသိပညာပေးခြင်း၊ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမဖြစ်စေရေး၊ ကြိုတင် ကာကွယ် ထိန်းချုပ်နိုင်ရေး အတွက် နှာခေါင်းစည်း (Mask) များ စနစ်တကျတပ်ဆင်ရန် လိုက်လံ စစ်ဆေးခြင်းနှင့် နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ခင်ဆွေနှင်း (ပြန်/ဆက်)