မိုးကောင်းမြို့၌ ချောင်းရေမြင့်တက်လာမှုကြောင့် နေအိမ်ရေနစ်မြုပ်သည့် ရေဘေးသင့်အိမ်ထောင်စုဝင်များအား ရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ခေတ္တပြောင်းရွှေ့ ထား

မိုးကောင်း      စက်တင်ဘာ   ၂၉

မိုးကောင်းမြို့ ချောင်းရေမြင့်တက်လာမှုကြောင့်နေအိမ်ရေနစ်မြုပ်သည့်ရေဘေးသင့် အိမ်ထောင်စုဝင်အချို့အား ရပ်ကွက်ရှိရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ခေတ္တ ပြောင်းရွှေ့ ထားကြောင်းသိရသည်။

ယနေ့နံနက်ပိုင်းတွင် နန့်ရင်းရပ်ကွက်မှပြောင်းရွှေ့အိမ်ထောင်စု(၈)စုမှ လူဦးရေစုစုပေါင်း (၃၇)ဦးကို နန့်ရင်းရပ်ကွက်ရှိ တရုတ်ဘုံကျောင်း၌ နေရာချထား ဆောင်ရွက်လျက်ရှိ သည်။

အဆိုပါကယ်ဆယ်ရေးလုပ်ငန်းများကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးချမ်းငြိမ်းသူဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်မှ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

ကချင်ပြည်နယ်၊ မိုးကောင်းမြို့တွင် နန့်ကောင်းချောင်းရေ စိုးရိမ်ရေအမှတ်(၆၀၀)အထက် (၃၀)စင်တီမီတာ တွင်ရောက်ရှိနေပြီး နန့်ရင်းချောင်ရေအမှတ် (၆၅၁) စင်တီမီတာတွင် ရောက်ရှိနေကြောင်း မြို့နယ်မိုးလေဝသနှင့် ဇလဗေဒဦးစီး ဌာန၏ ယနေ့နံနက်(၈)နာရီတိုင်းထွာချက်အရ သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)