စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့နယ်တွင် မြစိမ်းရောင်စီမံကိန်း စတုတ္ထနှစ်စက်ဝန်း အတွက် အရင်းမပျောက်လည်ပတ် ရန်ပုံငွေများ ထုတ်ချေး

ဖောင်းပြင် စက်တင်ဘာ ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်နေ ပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုး တက်လာစေရန်ရည်ရွယ်၍ ရေအောက် တောင်း ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း စတုတ္ထနှစ် စက်ဝန်းအတွက် အရင်း မပျောက်လည်ပတ် ရန်ပုံငွေများကို စက်တင်ဘာလ ၂၈ ရက်နေ့ကထုတ်ချေးပေး ခဲ့ကြောင်း သိရသည်။

ထိုသို့ထုတ်ချေးပေးခဲ့ရာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဦးစီး အရာ ရှိ (နည်းပညာ) ဦးသန်းဇော်ဝင်းနှင့် ဒုတိယဦးစီးမှူး ဦးရဲဇော်ရှိန်းတို့က ကျေးရွာ ကော်မတီဝင် များနှင့်အတူ စိုက်ပျိုး ရေးလုပ်ငန်းလုပ်ကိုင်သူ(၆၅)ဦး၊ မွေးမြူရေး လုပ်ကိုင်သူ(၁၈)ဦး၊ အရောင်းအဝယ်လုပ်ကိုင်မည့်သူ(၃၀)ဦး၊ ရေလုပ်ငန်းလုပ်ကိုင် သူ(၃)ဦး အသင်းဝင် စုစုပေါင်း (၁၁၆)ဦးတို့အတွက် စုစုပေါင်းချေးငွေ(၄၄၃)သိန်းကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ညွှန်ကြား ချက်များနှင့်အညီ စနစ်တကျ ထုတ်ချေးပေးခဲ့ကြောင်း ဖောင်းပြင်မြို့နယ်၊ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန်းဇော်ဝင်း (နည်းပညာ)ထံမှ သိရသည်။

မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေများကို ထုတ်ချေးရာတွင် ၎င်းကျေးရွာ၌  အတိုးနှုန်းကို ယခင်နှစ်များက ငွေတစ်ရာကျပ်လျင် တစ်ကျပ်ခွဲအတိုးဖြင့် သတ်မှတ်ခဲ့သော်လည်း ယခု နှစ်တွင် ကိုဗစ်-၁၉ ရောဂါကြောင့် ငွေတစ်ရာကျပ်လျင် ပြားငါးဆယ်အတိုးနှုန်းသို့ ပြောင်းလဲသတ်မှတ် ပေးခဲ့ကြောင်း ရေအောက်တောင်းကျေးရွာ ကော်မတီဝင်များထံမှ သိရသည်။

ကိုထွန်း(ဖောင်းပြင်)