လသာမြို့နယ်တွင် Stay at home ကာလအတွင်း နေအိမ်ပြင်ပသို့ အကြောင်းမဲ့သွားလာခြင်းမပြုရန် အသိပညာပေးဆောင်ရွက်

ရန်ကုန်အနောက်ပိုင်းခရိုင်၊ လသာမြို့နယ်တွင် Stay at home ကာလအတွင်း ပြည်သူများ နေအိမ်ပြင်ပသို့ အကြောင်းမဲ့သွားလာခြင်းမပြုရန် အသိပညာပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်တွင်  မြို့နယ်ကိုစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် တာဝန်ရှိသူများ ပူးပေါင်းဆောင် ရွက်ခဲ့ကြောင်းသိရှိရပါသည်။

မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ ဈေးဆိုင်များ သတ်မှတ်ချိန်များအတိုင်း ဖွင့်လှစ်ရောင်းချနိုင်ရေး အသိပေးစစ်ဆေးခြင်းများဆောင်ရွက်

မော်လမြိုင်ကျွန်းမြို့နယ်အတွင်း ဖွင့်လှစ်ရောင်းချလျှက်ရှိသော ဈေးကြီးများတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီရောင်းချခြင်း ရှိ၊ မရှိ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များမှ လိုက်လံစစ်ဆေးခြင်းလုပ် ငန်းကို ယမန်နေ့ မွန်းလွဲ ၁၂ နာရီအချိန်တွင် ဆောင်ရွက်ခဲ့သည်။

လပွတ္တာမြို့နယ်တွင် ပထဦးဆုံးကိုဗစ်-၁၉ ပိုးတွေ့လူနာ ရောဂါသက်သာပျောက်ကင်း၍ ဆေးရုံမှဆင်းခွင့်ရ

ဧရာဝတီတိုင်းဒေသကြီးလပွတ္တာ မြို့နယ်တွင် ပထမဦးဆုံးကိုဗစ်(၁၉)ပိုးတွေ့ရှိသောလူနာသည် ယမန်နေ့ညနေပိုင်းက ရောဂါသက်သာပျောက်ကင်းပြီဖြစ်သဖြင့် (၃)မိုင် ကုတင်(၂၀၀) ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံဆင်းခွင့်ရရှိကြောင်းသိရသည်။

မိုင်းခုတ်မြို့၌ ကိုဗစ်-၁၉ရောဂါအသိပညာပေးလုပ်ငန်းနှင့် Mask များ အခမဲ့ဖြန့်ဝေခြင်းဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိ စေရေး အသိပညာပေးခုပ်ငန်းများနှင့် Mask များ အခမဲ့ဖြန့်ဝေပေးခြင်းကို ယမန်နေ့ ညနေ ၃ နာရီခွဲက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ချီဖွေမြို့၌ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲပုံးများ ရောက်ရှိ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့၌ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပ ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲပုံး (၃၆၄)ပုံး ရောက်ရှိပြီဖြစ်ကာ အဆိုပါ ဆန္ဒမဲပုံးများကို ရပ်ကွက်/ကျေးရွာများရှိ မဲရုံများသို့ ခွဲဝေပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

ပြည်မြို့တွင် ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေးစစ်ဆေးခြင်း လုပ်ငန်းများကို နေ့စဉ်(၂၄)နာရီ စစ်ဆေးဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး ပြည်မြို့အဝင်(ဆင်မကြပ်)လမ်းဆုံစစ်ဆေးရေးဂိတ်၌ ကိုဗစ်-၁၉ရောဂါထိန်းချုပ် ကာကွယ်ရေး စစ်ဆေးရေးလုပ်ငန်းများကို နေ့စဉ်(၂၄)နာရီ စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မိုင်းယောင်း၌ သရေစာမုန့်များနှင့် စားသုံးကုန်စည်အချို့ကို အိမ်တိုင်ရာရောက် ပို့ဆောင်စနစ်ဖြင့် ရောင်းချရာ မိသားစုဝင်ငွေ အသင့်အတင့်အဆင်ပြေ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် သရေစာမုန့်များနှင့် စားသုံး ကုန်စည် အချို့ကို အိမ်တိုင်ရာရောက် ပို့ဆောင်ပေးသည့် စနစ်ဖြင့် ရောင်းချပေးလျက်ရှိရာ မှာယူ စားသုံး သူများ မှုကြောင့် မိသားစုစားဝတ်နေရေး အသင့်အတင့် အဆင်ပြေနေကြောင်း သိရသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) နယ်စပ်ဂိတ်များမှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ(၁၅)ဦးအား သက်ဆိုင်ရာဒေသများသို့ ဆက်လက်ပို့ဆောင်

တရုတ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများသည် ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ မူဆယ်မြို့ ၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နှင့် ချင်းရွှေ ဟော်မြို့များရှိ နှစ်နိုင်ငံနယ်စပ်ဂိတ်များမှတစ်ဆင့် နေ့စဉ်ဝင်ရောက်လျက်ရှိရာ နေရပ်ပြန်ပြည်သူများ အား လားရှိုးမြို့မှတစ်ဆင့် မီးရထားခရီးစဉ်ဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ မေလ(၆)ရက်နေ့မှ စတင်ပြီး စနစ်တကျ လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိသည်။

ဒီးမော့ဆိုမြို့နယ်ရှိ ကျေးရွာ ၁၂ ရွာတွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း VRFP ဆောင်ရွက်

ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်ဖြင့် ကျေးရွာ ၁၂ ရွာတွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း VRFP ဆောင်ရွက်လျက်ရှိပြီး အဆိုပါ စီမံကိန်းသည် ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် လူမှုစီးပွားထိခိုက်မှုရှိသူများ၊ လုပ်ကွက်ငယ် တောင်သူများ၊ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်း

မိုးနဲမြို့၌ စားသောက်ဆိုင်များနှင့် လက်ဘက်ရည်ဆိုင်များအား ပါဆယ်စနစ် (Take away) ဖြင့်သာ ‌ရောင်းချရေး ကွင်းဆင်း အသိပညာပေး စစ်ဆေးခြင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်တွင် ဖွင့်လှစ်ရောင်းချလျက်ရှိသော စားသောက် ဆိုင်များနှင့် လက်ဘက်ရည်ဆိုင်များအား ပါဆယ်စနစ် (Take away) ဖြင့်သာ ရောင်းချရန် မြို့နယ်စည်ပင် သာယာရေးဌာနမှ တာဝန်ရှိသူများက ယနေ့နံနက် ၈ နာရီအချိန်တွင် ကွင်းဆင်း ပညာပေးဆောင်ရွက်ခဲ့သည်။
Subscribe to