လှိုင်းဘွဲ စက်တင်ဘာ ၂၉
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် သာယာကုန်းကျေးရွာတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ အသက်(၈၀)နှင့်(၈၅)နှစ်အတွင်း သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေများကို ယမန်နေ့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးနေလင်းထက်နှင့် တာဝန်ရှိသူများက အိမ်တိုင်ရာရောက် လိုက်လည် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါထောက်ပံ့ငွေများကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးနေလင်းထက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ရပ်မိရပ်ဖများက ကိုဗစ်-၁၉ ကာလအတွင်း စီးပွားရေးကုစားမှု အစီအစဉ်အရ မိသားစုစားဝတ်နေရေး အဆင်ပြေချောမွေ့စေရန်အတွက် ရည်ရွယ်၍ သာယာကုန်းကျေးရွာအတွင်းရှိ အသက်(၈၀)နှင့်(၈၅)နှစ် သက်ကြီးဘိုးဘွားများအား တစ်ဦးလျှင် (၃၀၀၀၀)ကျပ်နှုန်းဖြင့် အဘိုး(၁၆)ဦးနှင့်အဘွား(၁၄)ဦး စုစုပေါင်း(၃၀)ဦးတို့အား အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)