တိုက်ကြီး စက်တင်ဘာ ၂၉
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူး စက်ပျံ့နှံ့မှုမှ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်အတွင်းရှိ ပြည်သူများအနေ ဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းများနှင့်အညီ လိုက်နာကျင့်သုံးနေထိုင်စေရန်၊ ပြည်သူများ နေအိမ်တွင် နေထိုင်ရေး (Stay at Home) အစီအစဉ်အတိုင်း မိမိတို့၏ နေအိမ်တွင်သာ နေထိုင်ကြရန်၊ အရေးပေါ်အကြောင်းကိစ္စမရှိဘဲ နေအိမ်ပြင်ပသို့ ထွက်ခွာခြင်း မပြုရန်၊ မဖြစ်မနေ ထွက်ခွာပါက သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများထံသို့ သတင်းပို့ဆောင်ရွက်ကြပါ ရန်၊ နှာခေါင်းစည်း (Mask)များ စနစ်တကျ တပ်ဆင်သွားလာရန် အသိပညာပေးနှိုးဆော်မှုများကို မြို့ပေါ်ရပ်ကွက်များ၊ ကျေးရွာများအတွင်း မီးသတ်ယာဉ်ဖြင့် လိုက်လံနှိုးဆော်လျက်ရှိကြောင်း မြို့နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။
ထို့အပြင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းကာ တိုက်ကြီးမြို့မဈေး အတွင်း ဈေးရောင်းချသူများနှင့် ဈေးလာရောက်ဝယ်ယူသူများအား နှာခေါင်းစည်း(Mask)များ စနစ် တကျ တပ်ဆင်ထားသူများကိုသာ ဈေးအတွင်းသို့ ဝင်ခွင့်ပြုရန်၊ ဈေးရောင်းချသူများအားလုံး နှာခေါင်းစည်း(Mask)များ တပ်ဆင်ရမည့်အပြင် မျက်နှာအကာ(Face Shield)ကိုပါ စနစ်တကျအမြဲ တပ်ဆင်ကြရန်၊ လက်ကိုမကြာခဏ ဆပ်ပြာဖြင့် စနစ်တကျ ဆေးကြောရန်၊ ဈေးရောင်းချသူ တစ်ဦးနှင့် တစ်ဦး အနည်းဆုံး ၆ ပေ အကွာမှ ရောင်းချပေးရန် အသိပညာပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
စန်းကလျာခိုင်(ပြန်/ဆက်)