စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် ကလေးမြို့နယ် တွင် နှာခေါင်းစည်း (Mask ) များ တပ်ဆင်ခြင်းမရှိဘဲ နေအိမ်ပြင်ပ သွားလာသူများအားအရေးယူ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ် Coronavirus Disease 2019(COVID-19) အရေး ပေါ်တုံ့ပြန်ရေးနှင့် ထိန်းချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့်ကလေးမြို့နယ်အတွင်း COVID-19 ရောဂါ ပြန့်ပွားမှုထိန်းချုပ်နိုင်ရေးအတွက် နှာခေါင်းစည်း (Mask) များတပ်ဆင်ခြင်း မရှိဘဲနေ အိမ်ပြင် ပရပ်ကွက်များ အတွင်းသို့ သွားလာလျက်ရှိသည့် ပြည်သူများ အား ပူးပေါင်းအဖွဲ့များက စစ်ဆေး အရေးယူခြင်းကို ယနေ့ နံနက် ၁၀ နာရီ ကဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အမာမြို့တွင် Stay at home ကာလအတွင်း နေအိမ်ပြင်ပသို့ မလိုလားအပ်ဘဲ သွားလာခြင်းမရှိစေရေးအသိပညာပေးဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့တွင် Stay at home ကာလအတွင်း နေအိမ်ပြင်ပသို့ မလိုလားအပ်ဘဲသွားလာခြင်း မရှိစေရေး အမာမြို့၊ ရပ်ကွက်များအတွင်းရှိ လမ်းဆုံလမ်းဂွတို့တွင် စောင့်ကြည့်စစ်ဆေး အသိပညာပေးခြင်းလုပ်ငန်းကို ယ‌နေ နံနက် ၇ နာရီအချိန်တွင် အမာမြို့ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့များက ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

လှိုင်းဘွဲမြို့နယ်တွင် မျိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းအတွင်း ခရုများကောက်ယူခြင်းနှင့် အစာသစ်ထည့်သွင်းခြင်း ကွင်းဆင်းဆောင်ရွက်

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် (CERP)အရ စိုက်ပျိုးထားသော မျိုးစေ့ထုတ်စပါးစိုက်ခင်းဧရိယာများတွင် စပါးများ ပျက်စီးဆုံးရှုံးမှု မရှိစေရေးအတွက် ယမန်နေ့က ဒိုင်းပြကျေးရွာ မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျိုင်းတုံ၌ ရပ်ကွက်/ကျေးရွာ စာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းသုံး ပစ္စည်းများ ထောက်ပံ့ပေးအပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁၀နာရီက ရပ်ကွက်/ကျေးရွာအုပ်စု (၃၈)အုပ်စုမှ ရပ်/ကျေးစာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။

ညောင်တုန်းမြို့ အသွားအလာကန့်သတ်စောင့်ကြည့်ရေးစင်တာများရှိ နေရပ်ပြန်လာသူများအား သက်ဆိုင်ရာတာဝန်ရှိသူများမှ ကူညီဆောင်ရွက်ပေး

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် အသွားအလာကန့်သတ်စောင့်ကြည့်ရေးစင်တာများရှိ နေရပ်ပြန်လာသူများ လိုအပ်သည်များကို ယမန်နေ့ နံနက် ၁၁ နာရီခွဲက အ-ထ-က (၁) စောင့်ကြည့်ရေးစင်တာ၌ သက်ဆိုင်ရာတာဝန်ရှိသူများမှ ကူညီဆောင်ရွက်ပေးခဲ့သည်။

ရွှေကျင်မြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ရာနှုန်းပြည့်ပြီးစီး

ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားစဉ် ကာလအတွင်း ကျေးလက်နေပြည်သူများ တွေ့ကြုံရသော‌ေ စီးပွားရေး အခက်အခဲများကို ဖြေရှင်းရန်အတွက် နိုင်ငံတော်က ရေးဆွဲဆောင်ရွက်လျက်ရှိသော ကိုဗစ်ကာလ စီးပွားရေးကုစားမှု အစီအစဉ်အရ ကျေးလက်ဒေသ

ဒက္ခိဏခရိုင်အတွင်း ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းနှင့် Cash for Work စီမံကိန်းကို ကျေးရွာ(၇၅)ရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ Covid-19 ကပ်ရောဂါဖြစ်ပွားစဉ်ကာလအတွင်း ကျေးလက်နေပြည်သူများ စိုက်ပျိုးရေး၊ မွေးမြူရေး၊ အသက်မွေး ဝမ်းကျောင်းနှင့် အသေးစားစီးပွားရေးလုပ်ကိုင်သူများ အရင်းအနှီးထောက်ပံ့ငွေများရရှိကာ တိုးချဲ့ လုပ်ကိုင် နိုင်ရေးအတွက်ရည်ရွယ်ပြီး မတည်ရန်ပုံငွေစီမံကိန်းအစီအစဉ်ဖြင့် ပျဉ်းမနားမြို့နယ်တွင် ကျေးရွာ (၉)ရွာနှင့် လယ်ဝေးမြို့နယ်တွင် ကျေးရွာ(၁၈)ရွာ စုစုပေါင်းကျေးရွာပေါင်း(၂၇)ရွာကို မတည်ရန်ပုံငွေ ကျပ်သန်း (၆၉၀)နှင့် လယ်ဝေးမြို့နယ်တွင် Cash for Work စီမံကိန်း(၄၈)ရွာအတွက် ကျပ်သန်း (၄၈၀) စီမံကိန်း အမျိုး အစား(၂)ခုအတွက် ကျေးရွာပေါင်း(၇၅)ရွာအတွက် ကျပ်သန်း(၁၁၇၀)ဖြင့် စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးမြင်းမူမြို့အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းဝင်ရောက် လျက်ရှိသူများထံမှ ရောဂါပိုးအဖြေစစ်ဆေးရန်တို့ဖတ်(SWAP)များရယူပေးပို့

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ညွှန်ကြားချက်များနှင့်အညီရောဂါကူးစက်မှုမဖြစ် ပေါ်စေရေးအတွက် မိမိဒေသအသီးသီးသို့ ပြန်လည်ဝင်ရောက်လာကြသည့် ဒေသခံ များအား ကျန်းမာရေးစစ်ဆေးနိုင်ရန် အတွက်၊စစ်ကိုင်းခရိုင်၊မြင်းမူမြို့ တိုင်းရင်း ဆေးရုံ တွင်ဖွင့်လှစ်ထားရှိ သည့် Quarantine Center ရှိခရီးသွားပြည်သူများထံမှ အာခေါင် တို့ဖတ်၊ နှာခေါင်း တို့ဖတ် (SWAP) များကို ယနေ့ နံနက်ပိုင်းက ရယူခဲ့ကြောင်း သိရှိရသည်။

ပန်းတနော်၌ (၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်း သန့်ရှင်းရေး ပြုလုပ်

အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်မည့် (၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ် ရဲတပ်ဖွဲ့ဝင်များက ယနေ့ နံနက် ၇ နာရီက ဘုရားကျောင်းဝန်းများအတွင်း စုပေါင်းသန့်ရှင်းရေးများ ပြုလုပ်ခဲ့သည်။

မိုးနဲမြို့ ပြည်သူ့ အားကစားကွင်းတွင် အထူးတန်းပွဲကြည့်စင် တည်ဆောက်မှု ရာနှုန်းပြည့်ပြီးစီး

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ် ပြည်သူ့အားကစားကွင်းတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ် ကျန်းမာရေးနှင့်အားကစာဝန်ကြီးဌာန ၊ရှမ်းပြည်နယ် အားကစားနှင့်ကာယပညာ ဦးစီး ဌာန၏ ခွင့်ပြု ရန်ပုံငွေဖြင့် အထူးတန်းပွဲကြည့်စင် တစ်ခုတည်ဆောက်လျက်ရှိရာ (၁၀၀)ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
Subscribe to