သုံးခွ စက်တင်ဘာ ၂၉
ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ် ညောင်လန်းကုန်းကျေးရွာအုပ်စုနှင့် လသာကုန်း ကျေးရွာအုပ်စုအတွင်းရှိ ဘုန်းကြီးကျောင်း(၆)ကျောင်း၊ အသက်(၇၅)နှစ်အထက် သက်ကြီး ဘိုးဘွားများနှင့် အခြေခံလူတန်းစားများအား ထောက်ပံ့ငွေနှင့် စားသောက်ကုန်များ လှူဒါန်းခြင်းကို ယမန်နေ့ နံနက်ပိုင်းက လက်ဝယ်အရောက် လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ လှူဒါန်းရာတွင် ရန်ကုန်မြို့နေ ဦးအေးမြင့်၊ ဦးမြင့်စိန်၊ ဦး မောင်သက်၊ မိသားစုများနှင့် မိတ်ဆွေ သင်္ဂဟများ စုပေါင်း၍ ကျေးရွာအုပ်စုအတွင်းရှိ ဘုန်းတော်ကြီးကျောင်း(၆) ကျောင်း အတွက် ငွေငါး သောင်းကျပ်၊ ကြက်ဥ(၂)ကတ်၊ နှာခေါင်းစည်း ၁ ဘူး၊ ငါးပိကြော် ၂ ဘူး၊ အသက်(၇၅)နှစ်အထက် အဘိုး၊ အဘွား (၁၁၀)ဦးအား တစ်ဦးလျှင် ငွေကျပ် (၁၅၀၀၀)နှင့် အခြေခံလူတန်းစား (၃၂၁)ဦးအတွက် ဆန်(၆)ပြည်၊ ဆီငါးဆယ်သား၊ ကြက်ဥငါးလုံးတို့အား အိမ်တိုင်ရာရောက် လှူဒါန်းပေးခဲ့ကြောင်း သိရ သည်။
ညောင်လန်းကုန်းကျေးရွာအုပ်စု သုံးအုပ်စု၊ လသာကုန်း ကျေးရွာအုပ်စု သုံးအုပ်စုအတွင်းရှိ ဘုန်းကြီး ကျောင်း(၆)ကျောင်းနှင့် သက်ကြီးဘိုးဘွား(၁၁၀)ဦး၊ အခြေခံလူတန်းစား(၃၂၁)ဦး အား၊ ကျေးရွာအုပ်ချုပ် ရေးမှူးနှင့်အတူ အလှူရှင်များက အိမ်တိုင်ရာရောက် သွားရောက်၍ ထောက်ပံ့လှူဒါန်းပေးအပ်ခဲ့ ကြောင်း သိရသည်။
စည်သူလင်း ပြန်/ဆက်