မွန်ပြည်နယ် ကျိုက်မ​ရော မြို့နယ်၌ကိုဗစ်-၁၉စီးပွား​ရေးကုစားမှု အစီအစဉ် CERP အရ စီမံကိန်းလုပ်ငန်းများ​ဆောင်ရွက်ပြီးစီး

ကျိုက်မ​ရော   စက်တင်ဘာ    ၂၉

ကိုဗစ်-၁၉ ကူးစက် ရောဂါ ဖြစ်ပွားမှု ​ကြောင့် ​ကျေးလက် ​နေပြည်သူများ ကြုံ​​တွေ့ရ​သောစီးပွား​ရေးအခက်အခဲများ ​ဖြေရှင်းနိုင်ရန်အတွက် ကိုဗစ်-၁၉ကာလစီးပွား​ရေးကုစားမှု အစီအစဉ် (CERP) အရ  ​ကျေးရွာမတည်ရန်ပုံ​ငွေ (Type-1)ရှိ​ကျေးရွာတစ်ရွာလျှင် ​ငွေ သိန်း(၃၀၀) ဖြင့်​ကျေးရွာ (၇)ရွာအတွက်​ငွေကျပ်(နှစ်​ထောင့်တစ်ရာသိန်းတိတိ)ဖြင့်လည်း​ကောင်း၊ (Type-2)ရှိ​ကျေးရွာတစ်ရွာလျှင် သိန်း(၂၀၀)စီဖြင့်​ကျေးရွာ၂ရွာအတွက် ​ငွေကျပ်(သိန်းလေးရာတိတိ)၊ (Type-3)မှ​ကျေးရွာတစ်ရွာလျှင် ငွေကျပ်သိန်း(၁၀၀)စီဖြင့်​ ကျေးရွာ​၄ရွာအတွက်​ငွေကျပ်သိန်း (လေးရာ တိတိ)ဖြင့်​ ​ကျေးရွာ ​ပေါင်း ၁၃ ရွာ၌စီမံကိန်းရန်ပုံ​ငွေ​ပေါင်းကျပ်(သိန်းနှစ်​ထောင့်ကိုးရာ တိတိ)ကို​ကျေးရွာ​ကော်မတီထံသို့ လွှဲ​ပြောင်း​ပေးအပ်ကာ ​ဒေသခံပြည်သူများ၏ အ​သေးစား၊ အငယ်စား စီးပွား​ရေး လုပ်ငန်း များကို​ဆောင်ရွက်​ပေးခဲ့ရာ စက်တင်ဘာလ ၂၈ ရက်​နေ့တွင် အဆိုပါ လုပ်ငန်း များ မှာ ရာနှုန်း ပြည့်​ဆောင်ရွက်ပြီးစီးသွားပြီဖြစ်​ကြောင်းသိရသည်။
ထိုသို့​ဆောင်ရွက်မှုများကို မွန်ပြည်နယ် ​    ကျေးလက်ဦးစီးဌာနနှင့် ​      မော်လမြိုင်ခရိုင် ​ကျေးလက် ဦးစီးဌာနတို့၏ ကွင်းဆင်းကြီးကြပ်မှုဖြင့်ကျိုက်မ​ရောမြို့နယ် ​ကျေးလက်​ဒေသဖွံ့ဖြိုး တိုးတက်​ရေးဦးစီးဌာနရှိဝန်ထမ်းများမှလိုအပ်​သောနည်းပညာပံ့ပိုး​ပေးပြီး ​ကျေးရွာ​ပေါင်း၁၃ရွာ ၌ စိုက်ပျိုး​ရေးလုပ်ငန်းလုပ်ကိုင်ရန်အတွက် ​ချေး​ငွေ (၁၅၆ဒဿမ၅၁) သန်း၊​မွေးမြူရေး လုပ်ကိုင်ရန် အတွက်​ချေး​ငွေ (၇၉ဒဿမ၈၀)သန်း၊အသက်​မွေးဝမ်း​ကျောင်းလုပ်ကိုင်ရန်အတွက် ​ချေး​ငွေ (၂ဒဿမ၃၀)သန်းနှင့် အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်ရန်အတွက် ချေးငွေကျပ် (၄၁ဒဿမ၉၀) သန်းတို့ကို အရင်းမ​ပျောက်ရန်ပုံ​ငွေ အကျိုးရှိစွာလည်ပတ်နိုင်ရန်အတွက် ​ကျေးရွာ ​ကော်မတီ ဝင်များနှင့်ပူး​ပေါင်း ​ဆောင်ရွက်​ပေးခဲ့ရာ​ ကျေးရွာ(၁၃)ရွာရှိအိမ်​ထောင်စု (၄၃၅) စု အတွက် အကျိုးခံစားခွင့်များရရှိခဲ့​ပြီး ရာနှုန်းပြည့်  ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ကြောင်း ကျိုက်မ​ရော မြို့နယ် ကျေးလက်​ဒေသဖွံ့ဖြိုး တိုးတက်​ရေးဦးစီးဌာနမှသိရသည်။

ချို ချို(  ပြန်/  ဆက်)