ပိုင်ကျုံ စက်တင်ဘာလ ၂၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ အမှတ်(၂)ရပ်ကွက်ရှိ အခြေခံလူတန်းစား အိမ်ထောင်စု(၄၉) စုအတွက် ကိုဗစ်-၁၉ ရောဂါကာလအတွင်း စား၀တ်နေရေးအဆင်ပြေစေရန် ရည်ရွယ်၍ ယမန်နေ့က စေတနာရှင်များစုပေါင်း၍ အခြေခံစားသောက်ကုန်များ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့ပေးအပ်ရာတွင် စေတနာရှင်အလှူရှင်များဖြစ်သော ပိုင်ကျုံမြို့ မြို့မကျောင်းဆရာတော် ဦးဓမ္မသိရီနှင့် (အထက) ပိုင်ကျုံကျောင်း ဆရာ/မများက အခြေခံစားသောက်ကုန်များ ဖြစ်သော ဆန်၊ ကြက်သွန်နီ၊ ပဲ၊ အသားတု၊ ငါးသေတ္တာနှင့်အာလူး တို့ကို ပိုင်ကျုံမြို့ အမှတ်(၂)ရပ်ကွက်ရှိ အခြေခံ လူတန်းစား အိမ်ထောင်စုများ၏ လက်ဝယ်အရောက်ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ပိုင်ကျုံ ပြန်/ဆက်