တံတားဦးမြို့နယ်တွင် မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေများနှင့် လူသုံးကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်

တံတားဦး စက်တင်ဘာ  ၂၉

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် စက်တင်ဘာလ(၂၆)ရက်နေ့ ည(၁၀)အချိန်ခန့်က  မီးဘေးသင့်ခဲ့သည့် ပြည်သူများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးတိုးချဲ့ဆောင်တွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်

အဆိုပါ ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်ခြင်းနှင့် စပ်လျဉ်း၍ တံတားဦးမြို့နယ် ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခွန်ကျော်သိန်းက မီးဘေးသင့်ပြည်သူများအား အားပေးစကားပြောကြားပြီး မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အိဖြူဖြူနှင်းက ထောက်ပံ့ငွေနှင့် ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းနှင့်သဘာဝဘေးအန္တရာယ်သည် အချိန်မရွေး ဖြစ်ပွားတတ်ရာ မပေါ့ဆသင့် ပါကြောင်း   မီးသုံးစွဲသည့်အခါအထူး ဂရုပြုသုံးစွဲ ကြရန်လိုအပ် ပါကြောင်းပြောကြာခဲ့ သည်

တံတားဦးမြို့နယ်တွင် မီးဘေးသင့်အိမ်ထောင်စုများထောက်ပံ့ပေးအပ်ရာတွင် ထန်းပေါက်ကုန်း ကျေးရွာ ဦးဝင်းကို အိမ်ထောင်စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ ()သိန်းကျပ်၊ ဆန်ဖိုးရိက္ခာငွေ (၁၀၅၀၀)ကျပ် စုစုပေါင်း (၁၁၀၅၀၀)ကျပ်နှင့် လူသုံးကုန်ပစ္စည်း(၁၇)မျိုး ဦးရဲလင်းထွန်း အိမ်ထောင်စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၅၀၀၀၀)ကျပ် ဆန်ရိက္ခာဖိုးငွေ (၁၀၅၀၀)ကျပ် စုစုပေါင်း (၆၀၅၀၀)နှင့် လူသုံးကုန်ပစ္စည်း (၁၀)မျိုးကိုအသီးသီးထောက်ပံ့ပေးခဲ့ကြောင်းသိရသည်

ရဲတင့်(တံတားဦး-ပြန်/ဆက်)